ဇူလိုင် ၃
ရွှေဘိုမြို့၊အမှတ်(၆)ရပ်ကွက်၊သိရီမင်္ဂ လာရပ်ကွက်၊ သုဇာတရာမဘုန်းကြီးကျောင်းမှ
ကျောင်းထိုင်ဘုန်းကြီး ဦသုဇာတ (ဦးဇင်းညို
တုပ်)၊ သက်တော် ၆၀ နှစ်နှင့် ကျောင်းတွင်လာရောက်သီတင်းသုံးနေသော သံဃာတစ်ပါးတို့ကို ယမန်နေ့ ညပိုင်းက လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက ဖမ်းဆီးသွားကြောင်း၊ ယခုအချိန်ထိ မည်သည့်သတင်းမှမရရှိတော့ကြောင်း သိရှိရပါသည်။
အလားတူ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေး ရွာအုပ်စု၊ လိတ္ထူကျေးရွာနေ ကိုနေမျိုးထွန်း၊ ၃၀ နှစ်၊ (ဘ) ဦးသောင်းမြင့်၊ ဦးတင်ဝင်း၊ ၄၈နှစ်၊ (ဘ) ဦးထွန်းမောင်၊ ကိုအောင်ကို၊၃၀ နှစ်၊(ဘ)ဦးထွန်းလွင်နှင့် မဖား၊ ၂၈ နှစ်၊(ဘ) ဦးကျော်ဆွေဝင်း တို့ကို ဇူလိုင်လ ၁ ရက်နေ့ကနွားကျောင်း သွားစဉ် လူသတ်အကြမ်းဖက်သောင်းကျန်းသူ
PDF များက လှည်းနှစ်စီး၊ နွားကိုးကောင်နှင့်အတူဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့အချိန်ထိအဆက်အသွယ်မရတော့ကြောင်း သတင်းရရှိပါသည်။
တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း ‘ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်သူများကိုသာမက ရဟန်းသံဃာများကိုပါ ဒလန်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငွေကြေးနှင့်ပစ္စည်းဥစ္စာများကို လုယူခြင်း စသည်ကိုပြုလုပ်နေကြသဖြင့် ပြည်သူလူထုက ၎င်းတို့ကို လိုလားနှစ်မြို့မှုမရှိတော့ကြောင်း သိရှိရပါသည်။
#PAN