(အားကစား) ဖေဖော်ဝါရီ ၁၁

စီးရီအေကလပ် မွန်ဇာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် အသင်းနည်းပြ ဘော့ချက်တီ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နည်းပြဟောင်း နက်စတာ ကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
မွန်ဇာအသင်းဟာ နည်းပြ နက်စတာ ကိုထုတ်ပယ်ခဲ့ပြီး ၇ ပတ်အကြာမှာ အခုလို ပြန်လည်ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် နောက်ခံလူဟောင်း ဘော့ချက်တီ ဟာ လွန်ခဲ့တဲ့ ၇ ပတ်က နည်းပြရာထူးကို ရယူခဲ့ပြီး ၎င်းရဲ့လက်ထက် စီးရီးအေ ၇ ပွဲမှာ ၆ ပွဲအထိရှုံးကာ ၁ ပွဲသာအနိုင်ရခဲ့တာဖြစ်ပါတယ်။
အဆိုပါရလဒ် ဆိုးကြောင့် မွန်ဇာအသင်းက နည်းပြ ဘော့ချက်တီ နဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပြီး နက်စတာကို နည်းပြအဖြစ် ပြန်လည် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ နက်စတာ ဟာ မွန်ဇာအသင်းနဲ့ ပရော်ဖက်ရှင်နယ်နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်မှာကစားမယ့် လက်ချီအသင်းနဲ့ပွဲမှာ အသင်းကို ပြန်လည်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
မွန်ဇာအသင်းဟာ အခုရာသီ၌ စီးရီးအေ ၂၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပြီး နည်းပြ နက်စတာ အနေနဲ့ အသင်းကို တန်းဆင်းဇုန်ကလွတ်မြောက်အောင် ကြိုးစားပေးရတော့မှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews