(မှုခင်း) ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ စျေးကြီးအတွင်းမီးလောင်မှုကြောင့် ဝျေးအတွင်းရှိ ဆိုင်ခန်းများ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၂ နာရီ မီနစ် ၂၀ ခန့်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဘုရားကြီးမြို့မဈေး တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဥ်များ ၊ ရေသယ်ယဥ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁း၀၅ အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် စျေးဆိုင်ခန်း ၈ ခန်းနှင့် ကုန်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး မီးလောင်မှုစတင်ဖြစ်ပွားရခြင်း၏ ကိစ္စအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ အတည်ပြုချက်များအရသိရသည်။

ယမန်နှစ် ဖေဖော်ဝါရီ(၈)ရက်နေ့နံနက်(၆း၂၀)အချိန်ကလည်း ရေခဲမုန့်ဆိုင်မီးလောင်ရာမှတစ်ဆင့် အဆိုပါစျေးအတွင်း၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

Telegram»…
https://t.me/positiveanglenews