(နိုင်ငံတကာ) ဇန်နဝါရီ ၁၂
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့နှင့်စပ်လျဉ်း၍ တရုတ်နှင့်ဗြိတိန်စီးပွားရေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပခဲ့သည်။
တရုတ်နှင့် ဗြိတိန်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီးပွားရေးဆွေးနွေးပွဲတစ်ရပ်ကို ခြောက်နှစ်ကြာရပ်ဆိုင်းခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်တွင် ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ် က တရုတ်ဒုတိယဝန်ကြီးချုပ် ဟေလီဖန်၊ ဒုတိယသမ္မတ ဟန်ကျန်း တို့နှင့် တွေ့ဆုံစဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံအနေဖြင့် အဓွန့်ရှည်တည်တံ့သော ဘဏ္ဍာရေး၊ အရင်းဈေးကွက်ဆက်သွယ်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းထိန်းသိမ်းရေးအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့်စပ်လျဉ်း၍ အပြန်အလှန်ဖလှယ်မှုများကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆန္ဒရှိကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး က ပြောသည်။
ယခုကျင်းပခဲ့သည့်ဆွေးနွေးပွဲသည် တရုတ်နှင့် ဗြိတိန်တို့ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် နှစ်နိုင်ငံကြား ရေရှည်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် အရေးပါသည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်သည်။
တရုတ်နှင့် ဗြိတိန်နိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး စူပါပါဝါနိုင်ငံများဖြစ်ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲကျင်းပနိုင်ခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွားအတွက် အလွန်အရေးပါကြောင်း တရုတ်နိုင်ငံက ပြောကြားထားသည်။
ယခုကျင်းပသည့် ဆွေးနွေးပွဲ သည် တရုတ်နှင့် ဗြိတိန်တို့ကြား ၁၁ ကြိမ်မြောက်ကျင်းပသည့် စီးပွားရေးဆွေးနွေးပွဲဖြစ်သည်။