တရုတ်က ချောက်သုံးလုံး တမံထက် လျှပ်စစ်ဓာတ်အား ပမာဏ သုံးဆပိုထုတ်နိုင်မည့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မည်


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇

တရုတ်အစိုးရ က ကမ္ဘာကျော်ချောက်သုံးလုံး တမံပေါ်တွင် လျှပ်စစ်ဓာတ်အားပမာဏသုံးဆပိုမို ထုတ်လုပ် နိုင်မည့် စက်ရုံကြီးတစ်ခုကို တည်ဆောက်သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေအား လျှပ်စစ်စက်ရုံကြီး ကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ယာလန်းဆန်းပိုမြစ်ကြီးပေါ်၌ တည်ဆောက်သွား မည်ဖြစ်သည်။

အင်ဂျင်နီယာ ပညာပိုင်းအရ စိန်ခေါ်မှုများစွာရှိမည့် ထိုရေအားလျှပ်စစ်စက်ရုံစီမံကိန်းကြီး ကို ယွမ် တစ်ထရီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် ကုန်ကျစရိတ် အများဆုံးသော အခြေခံ အဆောက်အအုံစီမံကိန်း တစ်ခုဖြစ်လာမည် ဖြစ်သည်။

တိဗက်ကုန်းပြင်မြင့်ကို ဖြတ်သန်းစီးဆင်းနေသည့် ယာလန်းဆန်းပိုမြစ်ကြီး က ကမ္ဘာပေါ်တွင် အနက်ဆုံး ဖြစ်သော ချောက်ကြီး တစ်ခုကို ဖြစ်ပေါ်စေပြီး အမြင့်အားဖြင့် မီတာ ၇,၀၀၀ ကျော်ရှိကာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိ သည့်အခါ ဗြဟ္မပုတ္တရမြစ်အဖြစ် ပြောင်းလဲစီးဆင်းသွားခြင်း ဖြစ်သည်။

ထိုရေအား လျှပ်စစ်စက်ရုံမှ နေ့စဉ်လျှပ်စစ် ဓာတ်အား ပမာဏ ကီလိုဝပ်နာရီပေါင်း ဘီလီယံ ၃၀၀ နီးပါး ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိ ကမ္ဘာ့ အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ ဖြစ်သော ချောက်သုံးလုံးတမံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ပမာဏ ကီလိုဝပ်နာရီ ပေါင်း ၈၈ ဒသမ ၂ ဘီလီယံ သာ ထုတ်လုပ်ထားနိုင်သည်ဟု South China Morning Post သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN