(အားကစား) ဒီဇင်ဘာ ၂၄
ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းရဲ့နည်းပြဟောင်း မာတင် နဲ့လမ်းခွဲအပြီးမှာ ဂျူရစ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာ ခဲ့ပါတယ်။
နည်းပြ ဂျူရစ် ဟာ ရိုးမားအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ဆောက်သမ်တန်အသင်းရဲ့ ကမ်းလှမ်း ချက် ကို လက်ခံခဲ့တာဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ နည်းပြ ဂျူရစ် နဲ့ ၁၈ လသက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေရအောင် လုပ်ဆောင်ပေးနိုင်လိမ့်လို့ ယုံကြည်နေပြီး ဆောက်သမ်တန်အသင်းကို ပြောင်းရွှေ့တာက စိန်ခေါ်မှုသစ်တစ်ခုဖြစ်သလို နည်းပြသစ်ဖြစ်လာတာကိုလည်း ဂုဏ်ယူမိတယ်လို့ ဂျူရစ် က ပြောခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းဟာ အခုထက်ပိုကောင်းတဲ့အသင်းဖြစ်ဖို့နဲ့ ရလဒ်ကောင်းတွေပြန်ရဖို့ အတွက် လုပ်ဆောင်ပေးသွားမယ်လို့ နည်းပြဂျူရစ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews