(ပြည်တွင်း) ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူများ ယမန်နှစ်ထက် များပြားကြောင်း ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
လက်ရှိအချိန်ထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ ၂၂၀,၀၀၀ ဝန်းကျင်ရှိနေပြီး ယမန်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူအရေအတွက်က တစ်သိန်း လေးသောင်းကျော်သာ ရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်ထိ ဘာသာတွဲအလိုက် ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခဲ့သူ တစ်သိန်း နှစ်သောင်းကျော် ရှိပြီး ခုနစ်သောင်းလေးထောင်ကျော် အောင်မြင်တဲ့အတွက် အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews