(စီးပွားရေး) ဒီဇင်ဘာ ၂၀
တညင်းကုန်းဈေးရုံကြီးတွင် ဟင်းသီးဟင်းရွက်၊ မီးဖိုချောင်သုံးပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းများကိုပါ ဝယ်ယူနိုင်တော့မှာ ဖြစ်ကြောင်း Myanmar Agro Exchange (MAEX) ကုမ္ပဏီမှ သိရပါတယ်။
အဆိုပါ ဈေးရုံကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လာမည့် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါ တယ်။ တညင်းကုန်းဈေးစီမံကိန်းကို အဆင့်လေးဆင့်ပိုင်းခြား၍ တည်ဆောက်နေပြီး ၂၀၂၇ ခုနှစ်တွင်ပြီးစီးရန် စီစဉ် ထားကြောင်း၊ လက်ရှိတွင် ဈေးဆိုင်ခန်းပေါင်း ၇,၀၀၀ ကျော်ပြီးစီးနေပြီး ၆,၉၀၀ ကို ငှားရမ်းထားပြီးဖြစ်ကြောင်း သိရ ပါတယ်။
ထိုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းမှာ ပြည်သူများအနေနဲ့ တစ်နေရာတည်းတွင် ဟင်းသီးဟင်းရွက်၊ မီးဖိုချောင် သုံးပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းများကို လွယ်လင့်တကူ စုံလင်စွာ ဝယ်ယူနိုင်စေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
အဆိုပါဈေးသို့ နေ့စဉ်ကုန်ကား ၃၀ ကျော်အဝင်အထွက်ရှိပြီး ပုံမှန်ဝယ်ယူသည့် ယာဉ်အစီးရေ ၃၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews