(ပြည်တွင်း) ဒီဇင်ဘာ ၁၉
အိန္ဒိယနိုင်ငံအစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ BHARAT TEX 2025 ပြပွဲကို ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၇ ရက်ထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Bharat Mandapam မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ထားပါတယ်။
အဆိုပါ BHARAT TEX ပြပွဲက အိန္ဒိယနိုင်ငံ အထည်အလိပ်လုပ်ငန်းရဲ့ စွမ်းဆောင်နိုင်မှုများကို ပြသနိုင်တဲ့ အကောင်းဆုံးပလက်ဖောင်းတစ်ခုဖြစ်ပြီး CEO Roundtables၊ Government-to-Government (G2G) or Business-to- Business (B2B) ကွန်ရက်များ၊ Textile Tour များပါဝင်ကာ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုများ၊ အဝတ်အထည်နှင့် ပတ်သက်သည့် ဗဟုသုတများစွာကို လေ့လာခွင့်ရရှိမယ့်ပြပွဲတစ်ခုဖြစ်ပြီး အိန္ဒိယအထည်အလိပ်ထုတ်ကုန်များကို ၀ယ်ယူလိုသူများနှင့် တင်သွင်းသူများကြား ချိတ်ဆက်ပေးနိုင်ကာ သတင်းအချက်အလက်များစွာ ကို ကောင်းစွာ သိရှိနိုင်မယ့် ပြပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ပြပွဲတာဝန်ခံများ၏ စီစဉ်မှုတို့နဲ့ အသင်းရဲ့တာဝန်ရှိသူများ ဦးဆောင်လိုက်ပါမည့် Buyer Delegation Visit မှာလိုက်ပါကြမည့် အသင်းဝင်စက်ရုံများမှ တာဝန်ရှိသူများအတွက် နယူးဒေလီမြို့မှာ ကြယ်ငါးပွင့်အဆင့်ရှိ Business Class Hotel တွင် ဖေဖော်ဝါရီလ ၁၃ ရက် မှ ၁၇ ရက်အထိ ၄ ညတာ အခမဲ့တည်းခိုခွင့်၊ ဧည့်ခံကျွေးမွေးခြင်း၊ Sightseeing အစီအစဉ်များ၊ လေဆိပ်မှ ဟိုတယ်သို့ အသွားအပြန် ကြိုပို့ခြင်း များ၊ ဟိုတယ်မှပြပွဲသို့ အသွားအပြန်ကြိုပို့ခြင်းများကို(အဖွဲ့လိုက်အစီအစဉ်များဖြင့်သာ) စီစဉ်ပေးသွားမည်ဖြစ်ပြီး နယူးဒေလီမြို့သို့ အသွားအပြန်လေယာဉ်လက်မှတ်စရိတ်နှင့် အခြားကုန်ကျစရိတ်များကိုတော့ မိမိအစီအစဉ်ဖြင့်သာ ကျခံသွားရမှာ ဖြစ်ပါတယ်။
အသင်းဝင်စက်ရုံ/ကုမ္ပဏီများမှ BHARAT TEX 2025 ပြပွဲကို တက်ရောက်ရန် စိတ်ဝင်စားပါက ဖုန်း ၀၉-၇၅၈၄၅၁၁၅၈ ဒီဇင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews