(နိုင်ငံတကာ) ဒီဇင်ဘာ ၁၉
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ပြည်အချုပ်အခြာအောက်သို့ မကာအိုပြန်လည်ရောက်ရှိမှု ၂၅ နှစ် ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာလ ၁၈ ရက်တွင် မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ရောက်ရှိ ခဲ့သည်။
မကာအို ခရီးစဉ်သည် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး သမ္မတရှီကျင့်ဖျင် သည် တရုတ်အချုပ်အခြာအောက် ပြန်လည်ရောက်ရှိမှု ၂၅ နှစ်ပြည့်အခမ်းအနားနှင့် မကာအို အုပ်ချုပ်ရေးမှူးသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား များသို့ တက်ရောက်မည် ဖြစ်သည်။
ယခုခရီးစဉ်သည် တရုတ်သမ္မတရှီကျင့်ဖျင်အတွက် တရုတ်သမ္မတရာထူးရယူ ခဲ့ပြီးနောက်ပိုင်း တတိယမြောက် မကာအိုခရီးစဉ်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံး တစ်ကြိမ် သွားရောက်ခဲ့သည်။
ပေါ်တူဂီ ကိုလိုနီနယ်မြေအဖြစ် နှစ်ပေါင်း ၄၀၀ ကျော် ရပ်တည်ခဲ့ရပြီးနောက် မကာအိုဒေသသည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် တရုတ်အချုပ်အခြာအောက်ပြန်လည်ရောက်ရှိခဲ့သည်။
မကာအိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ၌ ကာဆီနိုလောင်းကစားလုပ်ငန်းများ တရားဝင်ရပ်တည် နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews