ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ


(ပြည်တွင်း) ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၃၀×၇၇ လမ်းထောင့်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသူ ၂ ဦးရောက်ရှိ ကုသမှုခံယူနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မြကန်သာကျေးရွာ၊ မြရတနာမာန်အောင်ကျောင်းတိုက်ဝင်းအတွင်းတွင် ဖွင့်လှစ်ထားသော အမှတ်(၁၄)မူလွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဒုတိယတန်းမှ အဌမတန်းထိ နှစ်ဝက်စာမေးပွဲဖြေဆိုနေစဥ် ကျောင်းဆောင်ရှေ့သို့ အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲရာမှ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရကြောင်း သိရှိရသည်။

အဆိုပါ လက်နတ်ကြီးကျည်ကြောင့် ဘဒ္ဒန္တဝဏ္ဏိတ၊ ၄၇ နှစ်၊ ၂၅ ဝါ၊ (ဘ)ဦးစိန်ကျော်၊ မြရတနာမာန်အောင်ကျောင်းတိုက်၊ မြကန်သာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သီတင်းသုံးနေသူတွင် ယာဘက်ပေါင်၊ ခြေသလုံး လက်နက်ကြီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မသဲစုမွန်၊ ၂၃ နှစ်၊ (ဘ)ဦးဇော်လတ်၊ မြကန်သာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူတွင် ယာဘက်ဝမ်းဗိုက်အထက် ပေါက်ပြဲဒဏ်ရာတို့ ရရှိထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN