(အားကစား) ဒီဇင်ဘာ ၁၅
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် မန်ချက်စတာယူနိုက်တက်အသင်း နည်းပြများထဲတွင် ပထမဆုံး ကိုင်တွယ်ခွင့်ရတဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ နည်းပြအဖြစ် နည်းပြ အာမိုရင်မ် က မှတ်တမ်းဝင်ခဲ့ ပါတယ်။
အခုလို အနိုင်ရခဲ့သည်မှာ ၁၉၉၂-၉၃ ရာသီက ဆာအဲလက်စ် ဖာဂူဆန်တစ်ဦးတည်းသာရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာပြီးနောက် မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒေးဗစ်မိုရက်စ်၊ လူးဝစ်ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား၊ ရန်းနက်စ်နှင့် တန်ဟက်ဂ် စတဲ့ နည်းပြ ခြောက်ဦး ဟာပထမဆုံး မန်ချက်စတာဒါဘီမှာ မြိုခံပြိုင်ဘက်အသင်းကို အရေးနိမ့်ခဲ့ရပါတယ်။
လက်ရှိနည်းပြ အာမိုရင်မ် ရဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲမှာ အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့ပြီး မန်ချက်စတာဒါဘီမှာ မန်ယူအသင်းက မန်စီးတီးအသင်း ကို ၂ဂိုး ၁ဂိုးဆိုတဲ့ ရလဒ်နိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews