(စီးပွားရေး) ဒီဇင်ဘာ ၁၆
ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆ သိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရပါတယ်။
ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ ရှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ ၁၆၉၇၁၆၅ ဒသမ ၈၉ တန်ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၀၃ သန်းအထိရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ဧပြီလက အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ ၁၁၁၈၆၂ တန်၊ မေလက အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ ၇၁,၂၇၉ ဒသမ ၅ တန်၊ ဇွန်လက အမေရိကန်ဒေါ်လာ ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၂,၃၂၅ ဒသမ ၇၅ တန်၊ ဇူလိုင်လက အမေရိကန်ဒေါ်လာ ၈၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၅,၄၄၄ ဒသမ ၃ တန်၊ ဩဂုတ်လကအမေရိကန်ဒေါ်လာ ၉၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၀၇,၃၆၉ ဒသမ ၉ တန်၊ စက်တင်ဘာလက အမေရိကန်ဒေါ်လာ ၁၀၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၁၉,၅၆၅ ဒသမ ၁၃ တန်၊ အောက်တိုဘာလက အမေရိကန်ဒေါ်လာ ၁၈၉ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၄၂၄,၇၈၄ ဒသမ ၂၇ တန်၊ နိုဝင်ဘာလက အမေရိကန်ဒေါ်လာ ၁၅၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၃၃၄,၅၃၅ ဒသမ ၀၄ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
PAN