(နည်းပညာ) ဒီဇင်ဘာ ၈
ဉာဏ်ရည်တု (AI) နည်းပညာကို တစ်ခေတ်ဆန်းသစ်စေသော OpenAI ကုမ္ပဏီ က ဒရုန်းဖျက်စနစ်များအတွက် AI ကို တည်ဆောက်ရန် စစ်လက်နက်ထုတ်လုပ် ရေး ကုမ္ပဏီဖြစ်သော Anduril နှင့်ပူးပေါင်း လိုက်ပြီဖြစ်ကြောင်းသိရသည်။
Anduril ကုမ္ပဏီအနေဖြင့် မောင်းသူမဲ့ ဝေဟင်ခြိမ်းခြောက်မှုများ၊ အကြီးစား ဒရုန်းများကို ကောင်းစွာထောက်လှမ်းတုံ့ပြန်နိုင်ရေးအတွက် OpenAI ကုမ္ပဏီ၏ နည်းပညာအပေါ်မှီခိုသွားမည်ဖြစ်သည်ဟု အဆိုပါကုမ္ပဏီများက ဒီဇင်ဘာလ ၄ ရက်တွင်ထုတ်ပြန်ထားကြောင်း သိရသည်။
ခေတ်သစ်စစ်ပွဲများတွင် ဒရုန်းများက အရေးပါသောအခန်းကဏ္ဍမှပါဝင်လာစဉ် Anduril ကုမ္ပဏီက ယခုကဲ့သို့ AI နည်းပညာအသုံးပြု၍ ဒရုန်းများကို ထောက်လှမ်း တိုက်ဖျက်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းရခြင်းသည် အမျိုးသားလုံခြုံရေးလုပ်ငန်း များအတွက် AI ကိုအသုံးပြုသွားရန်ဖြစ်ပြီး ထိုသို့ပူးပေါင်းမှုကြောင့် လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်များတွင် နိုင်ငံများကြား ကွာဟမှုကို ဖြည့်ဆည်းပေးနိုင်စေ မည်ဖြစ်ကြောင်း Anduril ကုမ္ပဏီ၏ အမှုဆောင်ကပြောထားသည်။
Telegram»…
https://t.me/positiveanglenews