(မှုခင်း) နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(ရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း၊ ပုံလို့သွားလမ်းပေါ် မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တည့်တည့်တွင် နိုဝင်ဘ ၂၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က လူငယ် ၅ ဦးအား သေနတ်များ ကိုင်ဆောင်ထားသည့် လူအုပ်စုအဖွဲ့တစ်ဖွဲ့က သေနတ်ပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးသွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း လူငယ် ၅ ဦးတို့ကို Crown အမျိုးအစားအဖြူရောင်ကား နှင့် ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာသည့် အမျိုးသား ၈ ဦးခန့်က သေနတ်များကိုင်ဆောင်ပြီး မိုးပေါ် သို့ သေနတ်ပစ်ဖောက်ခြောက်လန့်ခဲ့ပြီး လိုက်လံရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အနီးဝန်းကျင်မှ မျက်မြင် တွေ့ရှိရသူဒေသခံများထံမှ သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် မည်သည့်အဖွဲ့ကဖမ်းဆီးသွားခဲ့သည်ကို မသိရသေးသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းဖော်ထုတ်မှုများဆောင်ရွက်နေကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews