လာအိုသို့ခရီးသွားသည့် ဩစတြေးလျနိုင်ငံသားများ အရက်မသောက်ရန် သတိပေးထား


(နိုင်ငံတကာ) နိုဝင်ဘာ ၂၉

မီသနောအဆပ်သင့်မှု သံသယဖြင့်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် လာအိုနိုင်ငံသို့ ခရီးသွားမည့် ဩစတြေးလျနိုင်ငံသားများ အရက်မသောက်ရန် ဩစတြေးလျအစိုးရမှ သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဩစတြေးလျနိုင်ငံသားများအတွက် ဘေးကင်းရေးအတွက် လာအိုတွင်ရောင်းချသည့် Tiger Vodka နှင့် Tiger Whisky သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဌာနက ၎င်း၏ ခရီးသွားအကြံပေးဝက်ဘ်ဆိုက်တွင် သောကြာနေ့က ဖော်ပြခဲ့သည်။

လာအိုအာဏာပိုင်များကလည်း အဆိုပါထုတ်ကုန်နှစ်ခုအား ကျန်းမာရေးအန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ရောင်းချခြင်းနှင့် စားသုံးခြင်းအား တားမြစ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လာအိုနိုင်ငံတွင် အရက်အတုများသောက်သုံးမိခဲ့သည့် ဩစတြေးလျနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ခရီးသွားများ သေဆုံးခဲ့ခြင်းကြောင့် ယခုသတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN