မြန်မာနိုင်ငံဖက်မှ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက် အဦများ စတင်ဖယ်ရှား

(ပြည်တွင်း) နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ – ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့နဲ့ မယ်ဆိုင်မြို့ရေကြီးနစ်မြုပ်မှုတွေဟာ မယ်ဆိုင်- မယ်ဟောက်ချောင်းတစ်လျှောက်အတွင်း နှစ်ဖက်ကျူးကျော်မှုတွေကြောင့်ဖြစ်တယ်လို့ နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ဆုံးဖြတ်ချက်တွေအရ မယ်ဆိုင်ချောင်းအတွင်းကျူးကျော်ဝင်ရောက်နေမှုတွေကို စတင်ရှင်းလင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဖက်မှ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အဦတွေကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက စတင်ဖယ်ရှားနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာဘက်ခြမ်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ မယ်ဆိုင်-မယ်ဟောက်ချောင်း တလျှောက်မှာရှိတဲ့ မြန်မာနိုင်ငံဖက်ကနေ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အဦနဲ့ အုတ်တံတိုင်းပိုင်ရှင်တွေကိုခေါ်ယူ ခေါ်ယူတွေ့ဆုံအသိပေးခဲ့ပြီးတဲ့နောက် ခုလိုရှင်းလင်းခဲ့တာလို့လည်း ဆိုပါတယ်။

မယ်ဆိုင် – မယ်ဟောက်ချောင်းအတွင်းကို မြန်မာဘက်က ကျူး ကျော်ထားတဲ့ အ‌ဆောက်အဉီတွေနဲ့အုတ်တံတိုင်းတွေကိုစက်ယန္တရားကြီးတွေအသုံးပြုကာ အဆောက်အဦပိုင်ရှင်တွေကိုယ်တိုင် စတင်ဖယ်ရှား‌ပေးခဲ့‌ကြတယ်လို့လည်း သိရပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် မယ်ဆိုင်-မယ်ဟောက်ချောင်းတစ်လျှောက် ထိုင်းနိုင်ငံဖက်ကိုကျူးကျော် အဆောက်အဦတွေဆောက်လုပ်ထားရှိမှုအပြင် တာချီလိတ်-မိုင်းဆတ်သွားလမ်းတစ်လျှောက် မယ်ဆိုင်ချောင်းဘေးမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦးပိုင်ရှင်တွေနဲ့ ကျူးကျော်သူတွေကိုလည်း မြန်မာအာဏာပိုင်တွေက ခေါ်ယူအသိပေးခဲ့တယ်လို့ သိရပါတယ်။

မယ်ဆိုင်-မယ်ဟောက်ချောင်းကတဆင့် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဖက်က ကျူးကျော်ဆောက်လုပ်ထားတဲ့ RC တစ်ထပ်၊ နှစ်ထပ်အဆောက်အဦ၊ သစ်သားအိမ်၊ ဂိုဒေါင်ပေါင်း (၈)ခု၊ အုတ်တံတိုင်းနဲ့ ကျောက်စီနံရံ (၁၆ )ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း (၄ )ခုပြီး ထိုင်းနိုင်ငံဖက်က မြန်မာနိုင်ငံဖက်ကို ကျူးကျော်ဆောက်လုပ်ထားတဲ့အဆောက်အဦအရေအတွက်ကတော့ (၄၅ )ခု အထိရှိတယ်လို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ကိုစိုင်း(တာချီလိတ်)

#PAN