အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ဖြင့် တရုတ်က အမေရိကန် အကျဉ်းသားများ ပြန်လွှတ်


(နိုင်ငံတကာ) နိုဝင်ဘာ ၂၈
တရုတ်နှင့် အမေရိကန်တို့အကြား အကျဉ်းသားလဲလှယ်ရေး ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်အကျဉ်းသား ၃ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလဲလှယ်ရေးအစီအစဉ်ဖြင့် လွတ်မြောက်လာသူ ၃ ဦးမှာ Mark Swidan၊ Kai Li နှင့် John Leung တို့ဖြစ်ကြောင်းသိရပြီး အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက မကြာမှီ ၎င်းတို့မိသားစုများနှင့် တွေ့ဆုံရတော့မည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးမှုအား လအတန်ကြာပြုလုပ်ခဲ့ရပြီး အမေရိကန်ဘက်ကလည်း တရုတ်နိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
အမေရိကန် သံတမန်အသိုင်းအဝိုင်း၏ ထွက်ပေါ်လာသည့် သတင်းများအရ ယခုလအစောပိုင်းက ပီရူးနိုင်ငံတွင်ကျင်းပခဲ့သော Apec ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ်က ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သူလျှိုပြုလုပ်မှုများပါဝင်ကြောင်းသိရသည်။

#PAN