(နိုင်ငံတကာ) နိုဝင်ဘာ ၂၇
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်စည် အခွန်စည်းကြပ်မှုပုံစံအား ဆန့်ကျင်ရန် တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။
ထရမ့်သည့် တရုတ်နိုင်ငံမှ သွင်းကုန်များအား နောက်ထပ် အကောက်အခွန် ၁၀ ရာခိုင်နှုန်းထပ်မံတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။
တရုတ်အခြေစိုက်မီဒီယာများက ကမ္ဘာ့စီးပွားရေးထိပ်တန်း နှစ်နိုင်ငံအကြား အပျက်သဘောဆောင်သည့် အခွန်စည်းကြပ်မှုစစ်ပွဲအသွင် ဖြစ်ပေါ်နိုင်ကြောင်း သတိပေးရေးသားခဲ့ကြသည်။
သမ္မတထရမ့်သည် ယခင်သက်တမ်းတွင်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုစစ်ပွဲဖြစ်ပေါ်ခဲ့ပြီး အမေရိကန်နှင့် ကမ္ဘာတစ်ဝှမ်းသိသာသည့် ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။
#PAN