BRICS(သို့) ဝါဝါဗဟိုချက်သစ်မွေးဖွားလာခြင်း

(ဆောင်းပါးကဏ္ဍ) နိုဝင်ဘာ ၂၄
နေဇင်လတ်

     BRICS ကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပေမဲ့လဲ စိတ်ဝင်စားမှ ကြီးကြီးမားမားမရှိခဲ့သေး။ အကြောင်းမဲ့ပေါ်လာခြင်းတော့မဟုတ်ပါ။ အမေရိကန် စီးပွားရေးက မယှဉ်နိုင်အောင်တိုးတက်လာရာကနေ အားလုံးသောနိုင်ငံတွေကို “လက်ညှိုးညွှန်” လိုတဲ့ အခြေအနေကိုရောက်ခဲ့တယ်။ ဒီအတိုင်းလွှတ်ထားလို့မဖြစ်။ ဒါကြောင့် EU ဆိုပြီးအဖွဲ့အစည်းတစ်ရပ် ပေါ်ခဲ့တယ်။ နောက်တော့ “G – 7, G – 20 တို့ထပ်ပေါ်ပေါက်လာတယ်။ Euro ငွေကြေးစနစ်နဲ့ အံ့တုဖို့ကြိုးစားခဲ့ကြသေးတယ်။ ဒါပေမဲ့ US စန်းထချိန်မို့ အရာမထင် US ကို ဘယ်သူကမှ မဖြိုနိုင်၊ US ရော EU အဖွဲ့အစည်းတွေအားလုံးကရောအနောက်အုပ်စု၊ အရှေ့အုပ်စုက စီးပွားရေးလမ်းကြောင်းမှန်ပေါ်ရောက်ကာစ ရှိသေးတယ်။ US နဲ့ EU အဖွဲ့တွေက အရှေ့အုပ်စုခေါင်းမထောင်နိုင်အောင် ဖိနှိပ်လာကြပြန်တယ်။ ဒါနဲ့ပဲ စီးပွားရေးစုပေါင်း အုပ်စုတစ်ခုလိုပြီဆိုပြီး BRICS ပေါ်လာရတော့တာပဲ။ လောလောဆယ်မှာတော့ စီးပွားရေးအစုအပေါင်းအုပ်စုဖြစ်ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံ ရေး၊ စစ်ရေးအုပ်စုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

       ၂၀၂၄ ခုနှစ် ရုရှား Kazan မှာ BRICS ထိပ်သီး ညီလာခံကတော့ အရှိန်အဟုန် အတော်လေးကြီးမားသွားတာတွေ့ရသလို အနောက်အုပ်စုရဲ့ “မျက်ထောင့် နီ” နဲ့ကြည့်ခြင်းကိုလဲ ခံလိုက်ရတာတွေ့ရတယ်။ ဘာပဲပြောပြော ဧကဝင်ရိုးကို ပခုံးချင်းယှဉ်မဲ့ BRICS ပေါ်လာတာကတော့ ကမ္ဘာကြီးကို ဟန်ချက်ထိန်းညှိပေးမယ့် အဖွဲ့ကြီးဖြစ်တဲ့အတွက်ကောင်းတဲ့ လက္ခဏာလို့ ရှုမြင်ရမှာဖြစ်ပါတယ်။

အဓိကအခြေခံအချက်အလက်တွေက အားရစရာ

       BRICS ကို ၂၀၀၉ ခုနှစ်မှာ စပြီး တည် ထောင် ခဲ့တယ်။
–    Brazil, Russia, India, China, S
–    Africa ရဲ့ အစုအပေါင်းလို့ အဓိပ္ပာယ်ရပါ
     တယ်။
–    ကမ္ဘာ့မြေဧရိယာ ရာခိုင်နှုန်း ၃၀ ရှိတယ်။
–    ကမ္ဘာ့လူဦးရေ ၄၅ ရာခိုင်နှုန်း
–    ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၂၅ ရာခိုင်နှုန်း

      ၂ဝ၂၄ ထဲမှာ ထိပ်သီးအစည်းအဝေးကို ရုရှားမှာ ပြုလုပ်သွားပြီး ရုရှားသမ္မတပူတင်က Chair လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ကိုအတော် “လှုပ်”သွားစေတဲ့ စကားတချို့ကိုလဲ ပြောခဲ့ပြီး အနောက်အုပ်စုက စိုးရိမ်ရလောက်အောင် BRICS အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့နိုင်ငံတွေရဲ့စာရင်းကိုလဲ ကြေညာခဲ့တယ်။

       ၂၀၂၄ Global PPP အရ
–    BRICS ၃၆ ဒသမ ၇ရာခိုင်နှုန်း
–    G – 7 ရာခိုင်နှုန်း ၃ဝ
ဆိုတာကို တွေ့ရမှာဖြစ်သလို G-7, G -20)တွေကို အနာဂတ်မှာကောင်းကောင်း ခြိမ်းခြောက်လာနိုင်မှာဖြစ်ပြီး နောက်ဆုံး US ကိုပါ ထီးနန်းက ဖြုတ်ချမယ့် အဖွဲ့အစည်းလို့ မြင်နေကြပါပြီ။ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ –
–    တရုတ် GDP – PPP အရ အဆင့်(၁)
–    ရုရှား GDP – PPP အရ အဆင့်(၄)တွေပါဝင်
     နေပြီး
     အလားအလာကောင်းတဲ့ အိန္ဒိယလဲ ပါဝင်နေတာကြောင့် အနောက်အုပ်စု မျက်လုံးပြူးမယ်ဆိုရင် ပြူးစရာပါပဲ။
–    ကမ္ဘာ့ရေနံ ရာခိုင်နှုန်း၃၀
–    World GDP – PPP ၃၇ ရာခိုင်နှုန်းဟာ လော
လောဆယ် ၂ဝ၂၄ ခုနှစ်အတွင်း BRICS လက်ထဲမှာရှိနေပါတယ်။ ဗင်နီဇွဲလားလိုနိုင်ငံပါဝင်လာရင် BRICS ရဲ့အင်အားက ကမ္ဘာ့ရေနံဈေးကွက်ကို ကောင်းကောင်းကိုင်လှုပ်နိုင်တဲ့အခြေအနေကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

       IMF ရဲ့ကိန်းဂဏန်းတွေအရဆိုရင် ၂၀၂၉ မှာ G – 7 ထက် BRICS အပေါ် ပိုပြီး မှီခိုအားထားကြရလိမ့်မယ်လို့ ဆိုထားတယ်။ အလားအလာကောင်းတွေ ရှိနေတဲ့အတွက်ကြောင့်ရော၊ US နဲ့ အနောက်အုပ်စုကို စိတ်ကုန်နေကြတဲ့အတွက်ကြောင့် ရောBRICS ထဲကို အဖွဲ့ဝင်အဖြစ်လျှောက်ထားတဲ့နိုင်ငံပေါင်း ၃၄ နိုင်ငံရှိနေတယ်လို့လဲ ထုတ်ပြန်ကြေညာထားလေတော့ အနောက် အုပ်စု မျက်လုံးပြူးရတာမဆန်းလှတော့ပါဘူး။

        အမေရိကန် အကြိမ်ကြိမ်တားနေတဲ့ကြားထဲက အနောက်နိုင်ငံတချို့ BRICS ထဲဝင်ဖို့လျှောက်ထားလာကြ တာတွေ့ရသလို တူရကီလိုနိုင်ငံမျိုးကလဲ BRICS ထဲဝင်ဖို့လျှောက်ထားတာဟာ အနောက်အုပ်စုရဲ့ အရှိုက်ကို ထိုးနှက်ခံလိုက်ရသလိုဖြစ်သွားစေတယ်။ IMF ရဲ့ GDP – PPP တွက်ချက်မှုအရ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးငါးနိုင်ငံမှာ သုံးနိုင်ငံက BRICS အဖွဲ့ဝင်ဖြစ်နေတာဟာ အနာဂတ် အမေရိကန်နဲ့အနောက်အုပ်စုရဲ့ “လွှမ်းမိုးရေးအိပ်မက်ကို ကောင်းကောင်းကြီးခြိမ်းခြောက်လိုက်တာပဲ ဖြစ်ပါတယ်။
       (၁) တရုတ် ၁၈ ဒသမ ၈ ရာခိုင်နှုန်း(BRICS)
       (၂) အမေရိကန် ၁၅ ရာခိုင်နှုန်း
        (၃) အိန္ဒိယ ၇ ဒသမ ၉ ရာခိုင်နှုန်း (BRICS)
        (၄) ရုရှား ၃ ဒသမ ၅၅ ရာခိုင်နှုန်း(BRICS)
        (၅) ဂျပန် ၃ ဒသမ ၃၈ ရာခိုင်နှုန်း

        ၂ဝ၂၄ ရုရှားမှာကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် (BRICS) ထိပ်သီးအစည်းအဝေးမှာမကြာခင် အင်ဒိုနီးရှားနိုင်ငံလဲ BRICS အဖွဲ့ဝင်ဖြစ် လာတော့မယ်လို့ ကြေညာလိုက်တာက အနောက်ကမ္ဘာကို မိုးကြိုးငယ်တစ်စင်းပစ်ချလိုက်သလို ဖြစ်သွားစေပါလိမ့်မယ်။ အင်ဒိုနီးရှားဟာ လော လောဆယ် ကမ္ဘာစီးပွားရေး အင်အားအကြီးဆုံးအဆင့် ၁၆ မှာရှိနေပေမဲ့ GDP ၅ ဒသမ ဝ၅ ရာခိုင်နှုန်းရှိသူပါ။ GDP – PPP – $ ၄ဒသမ ၇၂ထရီလီယမ် ရှိထားပြီး လာမယ့်နှစ် ၂ဝ မတိုင်မီမှာ ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံလို့ World Bank က ခန့်မှန်း တွက်ချက်ထားသလို အာဆီယံမှာလဲ စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံ ဖြစ်နေပြန်ပါတယ်။

Idea ကို ဘယ်သူမွေးဖွားပေးလိုက်ပါသလဲ

       BRICS ဟာ လောလောဆယ်မှာ “ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်” ဖြစ်နေပေမဲ့ အဲ့ဒီရဲ့ အရင်း အမြစ်အကျဆုံးလဲဖြစ်၊အရေးကြီးဆုံးလဲဖြစ်တဲ့ “Idea” ဘယ်ကစလာသလဲ၊ ဘယ်သူမွေးဖွားပေးလိုက်သလဲ ဆိုတာကတော့ သတိထားမိသူ အလွန်နည်းပါးလှတာ တွေ့ရတယ်။

       ကမ္ဘာကျော် Goldman Sachs ရဲ့ Chief Economist Go Jim O’Neil က ၂၀၀၁ မှာ “Building Better Global Economics BRICS” ဆိုပြီး စတင်သန္ဓေတည်ပေးရာက စတင်ခဲ့တာဖြစ်ပါတယ်။ Concept ကတော့ Bra- zil, Russia, India နဲ့ China တို့ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အခြေခံပြီး စဉ်းစားခဲ့တာပါ။ ဒါကြောင့် အစပိုင်းမှာ BRIC လို့ ရေးပြီးနောက်ပိုင်းမှာ S- Africa ပါလာတာနဲ့ BRICS ဆိုပြီး ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။ အခုတော့ BRICS ဟာ လျင်မြန်စွာကြီးထွားလာပြီး မကြာခင်မှာ ကိုးတောင်ကျားအနေနဲ့ အနောက်အုပ်စုကိ​ြခြိမ်း ခြောက်တော့မှာ ဖြစ်ပါတယ်။

       ၂၀၀၃ နဲ့ ၂၀၀၇ အကြား BRIC လေးနိုင်ငံရဲ့ကမ္ဘာ GDP ဟာ ၃၅ ရာခိုင် နှုန်းအထိရှိနေတာတွေ့ရတယ်။ GDP – PPP နဲ့တွက်ရင် လေးနိုင်ငံပေါင်းဟာ အမေရိကန်၊ EU ကိုကျော်လွန်နေတယ်။(ဒါပေမဲ့ World Bank, IMF စတဲ့ အမေရိကန်သြဇာလွှမ်းမိုး အဖွဲ့အစည်းတွေကတော့ GDP Nominalနဲ့ပဲ ဆက်လက်တွက်နေကြတဲ့အတွက် ယနေ့အထိလဲ အမေရိကန်စီးပွားရေးကို ကမ္ဘာအကြီးဆုံးလို့တာကို တွေ့ရပါလိမ့်မယ်။)

       ဘာပဲပြောပြော လက်ရှိအခြေအနေကို လေ့လာရင် ကမ္ဘာ့ GDP တိုးတက်နှုန်းက ၂ ဒသမ ၂ ရာခိုင်နှုန်း လောက်ပဲရှိပြီး US ကသာ သုံးရာခိုင်နှုန်းလောက်ပဲ ရှိတာတွေ့ရတယ်။ BRICS နိုင်ငံတွေ အားလုံးက ငါးရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေတဲ့အတွက် ရေရှည်မှာ BRICS နိုင်ငံသတ်မှတ်နေဆဲဖြစ်နေတွေက အနောက်ကမ္ဘာကို ကျော်ဖြတ်သွားပြီး အနောက်အုပ်စုထက် သြဇာကြီးသွားမှာဖြစ်ပါတယ်။ ၂ဝ၂၄ အောက်တိုဘာလထဲမှာပဲ World Bank က ရုရှားရဲ့ GDP – PPP ကို တွက်ချက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံးအဆင့်လေးကို သတ်မှတ်ပေးလိုက်ပါတယ်။ အဆင့်လေးဖြစ်တဲ့ ဂျပန်က အဆင့်ငါးကို တစ်ဆင့် ဆင်းသွားတာ
တွေ့ရတယ်။

ပါဝါဗဟိုချက်အရွေ့အပြောင်း

        အနာဂတ်အလားအလာကောင်းတာကို ခဏထားပြီး ၂၀၂၄ အခြေအနေကို သုံးသပ်ရင်ကိုပဲ ကမ္ဘာ့စီးပွားရေး အင်အားရဲ့ဗဟိုချက်က အနောက်ဘက်ကနေ BRICS ဘက်ကိုရွေ့ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။ တူရကီ၊ အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် ၃၄ နိုင်ငံသာ BRICS အဖွဲ့ဝင်ဖြစ်လာရင် ပွဲပြီးသွားပြီလို့တောင် ပြောလို့ရသွားပါလိမ့်မယ်။ ဒါကစီးပွားရေးပိုင်းပါ။

       အနောက် အုပ်စုရဲ့ ဖွဲ့စည်းပုံအရ အမေရိကန်က အင်အားအကြီးဆုံး အရှင်မင်းကြီးအနေနဲ့အပေါ်ဆုံး ပလ္လင်ပေါ်မှာရှိနေပြီး စစ်ရေးအရ NATO နဲ့ စီးပွားရေး အရ EU, G-7,G-20 စတာတွေရှိနေပါတယ်။ တစ်ချိန်တုန်းကတော့နေတိုးနဲ့ ဝါဆောဆိုပြီး စစ်ရေးအင်အားပြိုင်အုပ်စုကြီး နှစ်ခုနဲ့ ကမ္ဘာ့ဟန်ချက်ကို ထိန်းထားခဲ့ပေမဲ့ ၁၉၉၀ ဆိုဗီယက်ယူနီယံပြိုကွဲပြီး နောက်ပိုင်းမှာတော့ “ဝါဆော” ဆိုတာ ဖျက်သိမ်းလိုက်ရပါတယ်။ ပြောရရင် ကမ္ဘာ့ဟန်ချက်ဟာ ကမ္ဘာ့အနောက်ခြမ်းကို လုံးဝထီးထီးရောက်သွားခဲ့တယ်။
–    US . တစ်ကိုယ်တော် (စီးပွားရေး + စစ်ရေး +
     နိုင်ငံရေး)
–    NATO စစ်ရေး
–    EU, G-7,G-20(စီးပွားရေး)

       စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အားလုံးရဲ့အထွတ် အထိပ်သြဇာကို US က ထိန်းချုပ်ထားပြီး အနော်ရထာမင်းကြီးပုံစံဖြစ်ခဲ့တယ်။ စစ်ရေး၊ စီးပွားရေးတွေကို စစ်သူကြီးတွေနဲ့ ထပ်ပြီး ထိန်း ချုပ်ထားတယ်။ (ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး) ပုံစံမျိုးနဲ့နှိုင်းယှဉ်နိုင်မယ်လို့ ယူဆတယ်။

       သူတို့အုပ်စုကလွဲပြီးကျန်တဲ့ နိုင်ငံတွေကို လက် ညှိုးညွှန်ရာရေဖြစ်စေတဲ့ ပုံစံနဲ့ ကမ္ဘာကြီးကို ထိန်းချုပ်ထားရာကနေ ဖိနှိပ်မှုကိုမခံနိုင်တော့ ရုရှား၊ တရုတ်တို့ဦးဆောင်ပြီး BRIC ကိုစတင် ဖွဲ့စည်းလိုက်တယ်လို့ယူဆနိုင်ပါလိမ့်မယ်။ ယူကရိမ်းစစ်ကစပြီး ရုရှား၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား လေးနိုင်ငံပေါင်း စည်းမိသွားတယ်။ Axis of Resistance လို့သတ်မှတ် တယ်။ ခုခံတော်လှန်ကြတဲ့ရပ်ဝှမ်းလို့ နာမည်ပေးနိုင်မယ်ထင်တယ်။ နောက်တစ်ခါ BRICS ရယ်လို့ ရှိနေတယ်။ ဒါက စီးပွားရေးကိုအခြေခံထားတဲ့ အဖွဲ့အစည်း၊ အနောက်အုပ်စုနဲ့ Sructure,Nature မတူတာတွေ့ရလိမ့်မယ်။

       အနောက်အုပ်စုက အမြင့်ပေါ်မှာနေပြီး လွှမ်းမိုးချင်လို့အပေါ်စီးရှိ တုန်းမှာ ဖွဲ့စည်းခဲ့တဲ့ Structure မျိုးပါ ။ BRICS နဲ့ Axis of Resistance ကတော့ ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာ ဖွဲ့စည်းခဲ့ရတာဖြစ်တာကို သတိပြုနိုင်ပါလိမ့်မယ်။

       ဘယ်လိုပဲဖြစ်ဖြစ် BRICS မွေးဖွားလာပါပြီ။ ကြီးထွားလာပါပြီ။ ယူကရိမ်းစစ်ထဲက ထွက်သွားတဲ့ အမြတ်ကလဲ Axis of Resistance ဆိုတဲ့လေးနိုင်ငံအဖွဲ့ဖြစ်နေပြန်ပါတယ်။ ဝင်ရိုးတစ်ချောင်းထဲနဲ့ ကမ္ဘာကြီးကို မောင်းချင်သလိုမောင်း၊ ဖြစ်စေချင်သလို လွှမ်းမိုးထားတဲ့ အခြေအနေတစ်ခုဟာ တဖြည်းဖြည်းမမြဲတဲ့ သင်္ခါရအရ ပါဝါဗဟိုချက်အလှုပ်ခံလိုက်ရတာကို တွေ့လာရပါတယ်။ ဒီတစ်ခါဧကဝင်ရိုးကို အခြေကလှုပ်ခါပစ်တဲ့ငလျင်က အင်အားအတော်ကြီးတာကို တွေ့ရပါတယ်။

       ဥပမာအားဖြင့် တူရကီလိုနိုင်ငံက BRICS ထဲဝင်လာတဲ့ကိစ္စဆိုရင် NATO ထဲမှာ အကြီးစား ငလျင်လှုပ်သွားတာမျိုးဖြစ်သွားတယ်။ မကျေနပ်တဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေ အသံကျယ်ကျယ်ထွက်လာတယ်။ နောက်ဆုံး NATO အတွင်းရေး မှူးသစ်ပူပူနွေးနွေးက ထပြီး ရှင်းလင်းရတဲ့ အခြေအနေဖြစ်သွားတယ်။ BRICS ဟာစီးပွား ရေးအဖွဲ့အစည်း ဖြစ်တဲ့အတွက် တူရကီအနေနဲ့ NATO စည်းမျဉ်းကို ဖောက်ဖျက်ရာမရောက်ဖူး၊ သူ့ရဲ့ အခွင့်အရေးတစ်ရပ်သာဖြစ်တယ်လို့ ချွေးသိပ်လိုက်ရတာကိုတွေ့ရတယ်။

      တစ်ချိန်မှာ BRICS ဟာ စီးပွားရေး- နိုင်ငံရေး-စစ်ရေး ပူးပေါင်းအဖွဲ့အစည်းအဖြစ်အသွင်ပြောင်းသွားခဲ့ရင်ရော လောလောဆယ်မှာ အနောက်အုပ်စုရဲ့ အန္တရာယ်ပေးမှုကို ရှောင်ရှားချင်လို့ စီးပွားရေးအဖွဲ့ဆိုတဲ့ အမည်ကိုသာ ခံထားပေမဲ့နိုင်ငံရေးတွေ ပါလာတာကို သတိထားမိကြပါလိမ့်မယ်။

        တူရကီအနေနဲ့ BRICS ထဲဝင်လာတာဟာ NATO အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာစေမှာအမှန်ပါပဲ။ အစ္စရေး-အီရန်စစ်မှာ အစ္စရေးကို မကျေ နပ်သံတွေ တူရကီဘက်က မကြာခဏလွှင့်ထုတ်ပေးနေတာတွေ့ရတယ်။ အရေးကြုံလာရင် အီရန်ဘက်က စစ်ရေး အကူ အညီပေးမယ်လို့ ထုတ်ပြောထားတယ်။ ဒါဆိုရင် NATOအဖွဲ့စည်းမျဉ်းနဲ့ ဘယ်လိုရှိလာပါမလဲ။

        ဘာပဲပြောပြော BRICS ရဲ့ ကြီးထွားမှုက မြန်ဆန်နေပြီး အဖွဲ့ဝင်ဖြစ်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံတွေကလဲ တစ်နေ့တခြား ပိုများလာတာ တွေ့ရတယ်။ ကမ္ဘာ့ပါဝါဗဟိုချက်က အနောက်ဘက်ကနေ မတားနိုင်မဆီးနိုင် BRICS ရှိတဲ့ နေရာကို အနှေးနဲ့အမြန်ပြောင်းလဲရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ သုံးသပ်ရပါလိမ့်မယ်။

#PAN