(ပြည်တွင်း) နိုဝင်ဘာ ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့တွင် Asean-Hunan (Yongzhou) Famous and High-quality Products Trade Fair ကို နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
ယခုပြပွဲမှာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးနိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ ကုန်စည်ပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံနှင့် ဟူနန်ပြည်နယ်တို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်နိုင်မှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များကိုရှာဖွေနိုင်ပါတယ်။
မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ဟူနန်ပြည်နယ်၏ ဈေးကွက်အခြေအနေကို သိရှိနားလည်ပြီး ဈေးကွက်ပိုမို ဝင်ရောက်နိုင်စေရန်၊ ဟူနန်စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်အတွက်လည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ကုန်ပစ္စည်းများကို ပါဝင်ပြသမည့်လုပ်ငန်းများအတွက် ၆ဝ စတုရန်းမီတာ အကျယ် အဝန်းရှိတဲ့ ပြခန်းဆောင်တစ်ခုကို အခမဲ့စီစဉ်ပေးသွားမှာဖြစ်ပြီး ပါဝင်ပြသမည့်ကုမ္ပဏီတစ်ခုလျှင် လူနှစ်ဦးအတွက် ၃ ညအိပ်၊ ၄ ရက် တည်းခိုနေထိုင်စရိတ်နှင့် ဟိုတယ်မှပြပွဲနေရာသို့ သွားလာမှုများကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
ပြပွဲအတွင်းမှာပြသမည့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲထံသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews