တာမွေမြို့နယ် မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ပါဆယ်ထုပ်မှ လက်လုပ်လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

(ပြည်တွင်း)နိုဝင်ဘာ ၁၈

      ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပါဆယ်ထုပ်မှ လက်လုပ်လက်ပစ်ဗုံး တစ် လုံး ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီး တစ်ပါးပျံလွန်တော်မူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတင်းထုတ်ပြန် ထားပါသည်။

      ဖြစ်စဥ်မှာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ် ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင် အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပတိရတ္တိစာသင်တိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပါဆယ်ထုပ်ကို ဖွင့်ကြည့်ရာမှ လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


      အဆိုပါ ပေါက်ကွဲမှုကြောင့် မြို့ဦးပတိရတ္တိစာသင်တိုက် (၃)ထပ်ကျောင်းဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေး ကပ်လျက်အခန်းတွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော်၊ရပ်ကွက်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသ သက်တော် (၅၇)နှစ် ဝါတော် (၃၇)နှစ် ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN