အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ

(ကျန်းမာရေး)နိုဝင်ဘာ  ၁၈

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အသည်းကျန်းမာဖို့စားသင့်သောအစားအစာများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       အသည်းအတွက် ကောင်းမွန်သော အစား အစာများကတော့ –

ကြက်သွန်ဖြူ

       ကြက်သွန်ဖြူသည် အသည်းမှ အဆိပ် အတောက်ဖယ်ရှားနိုင်ဖို့ အားဖြည့်ပေးပါတယ်။ ကြက်သွန်ဖြူသည် allicin နှင့် selenium စသောဒြပ်ပေါင်းများကြွယ်ဝသောကြောင့် ခန္ဓာကိုယ်တွင်းကို သန့်စင်စေပြီး အားအင်ပြည့်ဝစေပါတယ်။ ကြက်သွန်ဖြူကို အမွှာလိုက် သို့ အလုံးလိုက်စားသုံးခြင်းက ပို၍ကောင်းမွန်ပါတယ်။

ကြက်သွန်နီ

       ကြက်သွန်နီသည် ကြက်သွန်ဖြူကဲ့သို့ပင် allicin ပါဝင်သောကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် flavonoids စသည့်ဒြပ်ပေါင်းများလည်း ပါဝင်ပါတယ်။ ကြက်သွန်နီသည် အစိမ်းလိုက်စားပါက အစာမကြေဖြစ်တတ်သောကြောင့် ချက်ပြုတ်စားသင့်ပါတယ်။

ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးသည် ဗီတာမင် စီနှင့် antioxidant ဒြပ်ပေါင်း များပါဝင်ပါတယ်။ ဂရိတ်ဖရုသီး စားသုံးခြင်းဖြင့် အသည်းကို အဆိပ်အတောက်များ ဖယ်ရှားရာတွင်အားဖြည့်ပေးပါတယ်။

အစိမ်းရောင်ရှိသောအရွက်များ

       အစိမ်းရောင်ရှိသောအရွက်များ (ဥပမာ – ဟင်းနု နယ်ရွက်) သည် အစားအစာတွင် ပါဝင်သော ဓာတု ပစ္စည်းများ၊ ပိုးသတ်ဆေးများကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့်သဘာဝအတိုင်း စိုက်ပျိုးထားသောအရွက်များကို ရွေးချယ်ဝယ်ယူစားသုံးပါ။ လက်ဖက်စိမ်းသည်လည်း catechins နှင့် antioxidant ပါဝင်သောကြောင့်အသည်း၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေပါတယ်။

အသီးများ
      အသည်းကို ကျန်းမာစေသော အသီးများစွာရှိပါတယ်။ အသီးများတွင် Glutathione ဟုခေါ်သောအန္တရာယ်ရှိသော ပစ္စည်းများကိုဖယ်ရှားနိုင်သော ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ယင်းဓာတ်သည် ထောပတ်သီးနှင့် walnutတွင် ကြွယ်ဝစွာ ပါဝင်ပါတယ်။ လီမွန်သီးသည်လည်း antioxidant၊ ဓာတ်ဆား နှင့် vitamin C ကြွယ်ဝသောကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ ဟင်းခတ်အမွေးအကြိုင်အဖြစ်သုံးသော နနွင်းသည် အဆီချေဖျက်မှုနှင့် သည်းခြေ ရည်ထုတ်လုပ်မှုကို အထောက်အကူပြုပါတယ်။ သို့သော်လည်း အချို့သော အစားအသောက်များသည် အသည်းကိုထိခိုက်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

တစ်နေ့ကို အရက် ၂ ခွက်ထက်ပို၍ မသောက်သုံးသင့်ပါဘူး။ ထို့ပြင် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရန်အားကစားလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားခြင်းအလေ့ကိုပြုလုပ်သင့်ပါတယ်။ နာတာရှည်ရောဂါအတွက် သောက်သုံးရသောဆေးအချို့သည် အသည်းကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ဆေး မသောက်မီဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

      နိဂုံးချုပ်အားဖြင့်ဆိုရသော် အသည်းကျန်းမာစေဖို့ ကျန်းမာသောစားသောက်မှုနှင့် နေထိုင်မှုပုံစံလိုအပ်တာကြောင့် သင့်တင့်မျှတသော အစားအစာနှင့် ကိုယ် ကာယလေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။
(Crd: Hello ဆရာဝန်)

#PAN