(ပြည်တွင်း) နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်တွင် အကြမ်းဖက်လှုပ်ရှားမှုများဆောင်ရွက်မည့် လက်နက်ပစ္စည်းများနှင့်အကြမ်းဖက်သမားများအား ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးကျော်ထွဋ်၏ လုပ်ငန်းလမ်းညွန်မှူများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ( ၁၆ )ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်နေသူ ဦးဝင်းမြင့် (၅၆)နှစ်၊ (ဘ)ဦးမောင်သိန်း၊လယ်လုပ်၊ အောင်ဇေယျကျေးရွာ၊ဆပ်သွားခြုံကျေးရွာအုပ်စုနေသူအား ရဲတပ်ဖွဲ့မှသတင်းအရ လယ်စောင့်တဲသို့သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်း၏လယ်တဲ အနောက်ဘက်ရှိလယ်ကွင်းထဲတွင် မြေမြုပ်ထားသည့် ရှော့တိုက်ဒုံး ၃ လုံး၊ cp ပိုက်ဖြင့်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်ခု၊ ပွိုင့်၂၂ ကျည်ဆံထည့်ပစ်၍ရသည့် ဘောပင်သဏ္ဍာန် လက်လုပ် သေနတ် ၁ချောင်း၊ ပွိုင့်၂၂ ခဲကျည်အတို ၄၇ တောင့် တို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၄င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် အောင်ကိုကို (၃၂)နှစ်၊ (ဘ)ဦးညွှန့်ဝင်း၊ ယာဉ်မောင်း၊ စက်စုပိုင်း၊ အဗျားငှက်ချေးဝင်းကျေးရွာအုပ်စုနေသူအား ဖမ်းဆီးရမိခဲ့ပြီး ဝေါမြို့မရဲစခန်းတွင်ကွင်းဆက်များအား စုံစမ်းစစ်ဆေးဖော်ထုတ်လျှက်ရှိသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
Telegram»…
https://t.me/positiveanglenews