(ပြည်တွင်း) နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ်၊နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာတွင် ဖွင့်လှစ်ထားသည့် Denko စက်သုံးဆီအရောင်းဆိုင်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်ခန့်က စက်သုံးဆီအရောင်းဆိုင်သို့ အသက် ၂၅ နှစ်အရွယ်ခန့် အမည်မသိအမျိုးသား ၁ ဦးမှ CZI-125 နက်ပြာ ရောင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်းဝတ်ဆင်လာသော အင်္ကျီနက်ပြာရောင်ဂျာကင်အတွင်း ဝှက်ယူလာသည့် သေနတ်အရှည်အား ဇစ်ဆွဲထုတ်ပြီး သေနတ် ၅ ချက်ပစ်ဖောက်ခဲ့ကာ စက်သုံးဆီရောင်းချရရှိထားသည့် ငွေ ၁၂၁၆၂၀၀ ကျပ်အား လုယက်ပြီး ထုံးဘို-ပြင်ဦးလွင်လမ်းဘက်သို့ မောင်းထွက်သွားကြောင်း သိရသည်။
အခင်းဖြစ်ပွားနေရာတွင် ၂၀၀၄- 9-S စာသားများပါသည့် ကျည်ခွံ ၅ ခု ကျန်ရှိခဲ့ကြောင်း၊၎င်းဆီဆိုင်တွင် ဝန်ထမ်းအင်အား ကျား ၁ ဦး၊ မ ၆ ဦး ရှိပြီးဆိုင်အား နံနက် ၆ နာရီမှ ည ၁၀ နာရီအချိန်ထိ ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း ၊ တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews