ရွာငံမြို့နယ်ရှိ ဘီးခွန်ဂိတ်၊ မူးယစ်လှုပ်ရှားတပ်ဆွယ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား အကြမ်းဖက် PDF အဖွဲ့ ဝင်ရောက်ပစ်ခတ်


(ပြည်တွင်း) နိုဝင်ဘာ ၁၅

ရှမ်း​ပြည်နယ်၊ ရွာငံမြို့နယ်ရှိ မြို့ဝင်/ထွက် ဘီးခွန်ဂိတ်တွင် ရွာငံမူးယစ် လှုပ်ရှား တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့ ၏ပစ်ခတ်မှုကြောင့် ရဲမှူးအပါဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသွားကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ၁နာရီကျော်အချိန်ခန့်က ရွာငံမြို့နယ်ရှိ မူးယစ်တပ်ဖွဲ့ခွဲ(၂)၊တောင်ကြီးကွပ်ကဲမှုအောက်ရှိ ရွာငံမြို့နယ်၊ရွာငံမူးယစ် လှုပ်ရှားတပ်ဆွယ်ရုံးမှ တပ်ဖွဲ့ဝင်များ၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့၏ တောင်ဘက် ၇ဖာလုံခန့် အကွာ မြို့ဝင်/ထွက် ဘီးခွန်ဂိတ်တွင် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်း ဖက် PDF အဖွဲ့ အင်အား(စိစစ်ဆဲ)သည် ဘီးခွန်ဂိတ်၏ အရှေ့ဘက်နှင့် အနောက်ဘက် ပေ ၃၀၀ခန့်အကွာမှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့မှုဖြစ်စဥ်တွင် ရံမှူးအပါဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ တချိန်တည်းတွင် ရွာငံမူးယစ်လှုပ်ရှားတပ်ဆွယ်ရုံးသို့ အကြမ်းဖက် PDF အဖွဲ့ သည် ရုံးအရှေ့ဘက်နှင့်မြောက်ဘက်တို့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် မူးယစ်လှုပ်ရှားတပ်ဆွယ်ရုံးတွင်ရှိနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တချိန်တည်းမှာပဲ ရွာငံမြို့၊ဈေးတန်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အား အကြမ်းဖက် PDF အဖွဲ့သည် လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် အဆိုပါ ဘဏ်တွင် ရွာငံမြို့မရဲစခန်းမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၄ ဦး အနက် ရဲတပ်ကြပ်ကြီးတစ်ဦးသည် လက်နက် ငယ်ကျည်ထိမှန်၍ ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်း၊ဘဏ္ဍာငွေများဆုံးမှုမရှိကြောင်း၊အကြမ်းဖက် PDF များမှ ဘဏ်ရုံးအတွင်းရှိ စာရွက် စာတမ်းများအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့သည် အထက်ပါနေရာ ၃နေရာအား တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားသည်နှင့်တစ်ပြိုင်နက် လုံခြုံရေးတပ်ဖွဲ့များချက်ချင်းအင်အားစုဖွဲ့ပြီး မြို့ဝင်/ထွက်ဘီးခွန်ဂိတ်နှင့် ရွာငံမူးယစ် လှုပ်ရှားတပ်ဆွယ်ရုံးသို့ ချီတက် ရှင်းလင်းဆောင်ရွက်ခဲ့ရာ မွန်းလွှဲ ၁နာရီခွဲ အချိန်ခန့်တွင် ရောက်ရှိပြီး အနီးဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN