လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးရှိမည်မဟုတ်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးပြော


(နိုင်ငံတကာ) နိုဝင်ဘာ ၁၃

အစ္စရေးစစ်ဘက်သည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတို့ကို အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ ရှိလာမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး က နိုဝင်ဘာလ ၁၂ ရက်တွင် ပြောသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး က လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးနှင့် အနားပေးမှုများ ရှိလာမည်မဟုတ်ကြောင်း၊ စစ်ရေးရည်မှန်းချက်များကို မရမချင်း ဟစ်ဇ်ဘိုလာတို့ကို အင်အား အပြည့်ဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ဖြစ်သည့် အစ္စရေးကတ်သည် ယခုလအတွင်းမှ အစိုးရအဖွဲ့၌ တာဝန်ပေး ခြင်းခံရသူ ဖြစ်သည်။

ထို့ပြင် ကတ်သည် ဟစ်ဇ်ဘိုလာတို့အနေဖြင့် ပြန်လည်စုဖွဲ့ကာ လက်နက်တပ်ဆင်နိုင် စေမည့် အခွင့်အရေးရရှိစေနိုင်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို ခွင့်ပြုသွားမည်မဟုတ်ဟု ကတိပြုထားသူ ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN