(ပြည်တွင်း) နိုဝင်ဘာ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် CDF အင်အား ၆၀ ကျော်ခန့်တို့ ယနေ့နံနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့ထံမှ CDF အလောင်း ၁၁ လောင်း၊ သေနတ်မျိုးစုံ ၁၃ လက်၊ MA-1 ၆ လက်၊ MA-3 ၁ လက်၊ BA-63 ၂ လက်၊ MA-12 ၁ လက်၊ M-16 ၁ လက်၊ M-22 ၁ လက်၊ RPG(M-12) ၁ လက်၊ ကျည်မျိုးစုံ ၁၀၅ တောင့်၊ ကျည်အိမ် ၅ ခု၊ RPG ဒုံးသီး ၆ လုံး၊ ပို့ကျည် ၄ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း မြေပြင်သတင်းများအရသိရပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


Telegram»…
https://t.me/positiveanglenews