သရက်တော(ဘအင်း)ရွာအား လုံခြုံရေပူးပေါင်းအဖွဲ့မှ ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့၏ အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) နိုဝင်ဘာ ၉

ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သရက်တော(ဘအင်း)ရွာကို သတင်းအရ သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်း လင်းရာ အကြမ်းဖက် PDF အဖွဲ့များဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ အသုံးဆောင်နှင့်အကြမ်းဖက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေမှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးကြရာ ၎င်းတို့ထံမှ လက်လုပ်စိန်ပြောင်နှင့် လက်လုပ်ဗုံးသီးများ၊ PDF အဖွဲ့ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျေးရွာများအတွင်း လူထုကိုအကာအကွယ်ယူကာ အကြမ်းဖက်မှုမျိုးစုံလှုပ်ရှားနေသော အကြမ်းဖက် PDF အဖွဲ့များ၏”ငါနှင်မတူ ငါ့ရန်သူ”ဟုယူဆပြီး ဒေသတွင်း ပြည်သူလူထုအပေါ် မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်းခြင်း၊ ဆက်ကြေးကောက်ခံငွေခွဲခြင်းများ အစဉ်တစိုက်လုပ်ဆောင်လာနေသော အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူများမှ ရွံရှာမုန်းတီးခြင်းခံရကာ လုံခြုံရေးအဖွဲ့များထံ လျှိုဝှက်သတင်းပေးမှုများပြားလာကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN