(ပြည်တွင်း) နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ် ကွက်၊ ၂၉ x ၃၀ လမ်းကြား၊ ၇၄ x ၇၇ လမ်း ကြားရှိ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ (၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ဆောင် (ICU)တွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော NLD ပါတီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်းသည် ယမန်နေ့ည ၁၀ နာရီအချိန်တွင် အဆုတ်ရောင်ပြီး အသက်ရှူမဝခြင်း ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဦးဝင်းခိုင်၊ အသက် ၇၀ နှစ်၊ (ဘ)ဦးအေးမောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း၊ အိမ်အမှတ် (၅၄၅၅)၊ ပဲခူးလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်နေသူသည် ထောင်ဝင်အမှတ်၊ မတလ/၂၂/၀၂၀၈၂/က ဖြင့် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဥ်းထောင်၌ မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်ရုံး၏ ရာဇဝတ်ကြီးမှုအမှတ်၊ ၃၈/၃၉/၄၀/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅/၆၃ ပါ ၁၂ မှုဖြင့် ပြစ်ဒဏ်-၂၈ နှစ် ကျခံလျက်ရှိရာမှ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ချိန်တွင် အဆုတ်ရောင်ပြီး အသက်ရှူမဝခြင်း ရောဂါဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ၅ ထပ်ရှိ ဖျားနာဆောင်(၃)ဒုတိယထပ် အခန်းအမှတ် ၁ တွင် တက်ရောက်ကုသခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် ဆေးရုံကြီး၊ (၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မက်ဆောင် (ICU)သို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဦးဝင်းခိုင်၏ အလောင်းအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဆေးရုံကြီး ရေခဲတိုက်မှ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။
ဦးဝင်ခိုင်သည် အောက်တိုဘာ ၂၈ ရက်နေ့ ည ၈ နာရီကျော်အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၈-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ကျင့်-၄၀၁(၁)အရ ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု၍ လွှတ်ပေးခဲ့ကာ လွတ်မြောက် အကျဉ်းသားသည် အထူးကြပ်မက်ဆောင် (ICU)၌ ဆက်လက်တက်ရောက် ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews