(အားကစား) နိုဝင်ဘာ ၇
အခုတစ်ပတ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၄) မှာ မထင်မှတ်ထားတဲ့ ရလဒ်တွေအတူ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကို လိဂ်ပုံစံအဖြစ် ပြောင်းလဲယှဉ်ပြိုင်ရတာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်အသင်းရဲ့ ကစားသမားတွေဟာ အနားယူချိန်အနည်းငယ်သာ ရရှိကြပါတယ်။
ဒါကြောင့် ယခုနှစ်ချန်ပီယံ လိဂ်ပြိုင်ပွဲဟာ မထင်မှတ်တဲ့ ရလဒ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း လီဗာပူးလ်အသင်းက လေဗာကူဆင် အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားကို ရှုံးပွဲမရှိ ရမှတ် ၁၂ မှတ်နဲ့ ဦးဆောင်ထားပါတယ်။
ယခုနှစ်မှာ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ရလဒ်တွေကောင်းမွန်နေတဲ့ အက်စတွန်ဗီလာအသင်းကတော့ ကလပ်ဘရုဂေးအသင်းရဲ့ အိမ်ကွင်းမှာ တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ဇယားအဆင့်(၁)ကနေ ဆင်းပေးခဲ့ရပါတယ်။
ရီးရဲလ်အသင်းနဲ့ အေစီမီလန်အသင်း တို့ ပွဲစဉ်မှာ အေစီမီလန်အသင်းက ရီးရဲလ်အသင်းကို ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းက အိမ်ရှင်စပို့တင်းအသင်းကို ၄ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ရှုူံးနိမ့်ခဲ့တာကြောင့် စပို့တင်းအသင်းက အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
နောက်ထပ်အသင်းကြီးတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ အိမ်ရှင်အင်တာမီလန်အသင်းက အာဆင်နယ်အသင်း ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို ဘာစီလိုနာ အသင်းက အိမ်ရှင် ရက်စတား ဘဲလ်ဂရိတ် အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါတယ်။
ဒါကြောင့် ယခုတစ်ပတ်ပွဲစဉ်အပြီးမှာ လီဗာပူးလ်အသင်းက အဆင့် (၁)၊ စပို့တင်းအသင်းက အဆင့်(၂)၊ အဆင့်(၃)မှာ မိုနာကိုအသင်းနှင့် အဆင့်(၄)မှာတော့ ဘရက်အသင်းတို့က အသီးသီးရပ်တည်နေကြပါတယ်။
Telegram»…
https://t.me/positiveanglenews