(ပြည်တွင်း) နိုဝင်ဘာ ၆
အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အသောကဟိုတယ်တွင် နိုဝင်ဘာလ ၅ ရက်နံနက် ၈ နာရီကကျင်းပတဲ့ ပထမအကြိမ် Asia Buddhist Summit 2024 ကိုတက်ရောက်တော်မူခဲ့ကြောင်း သိရပါတယ်။
သီတဂူဆရာတော်ကြီးသည် အဆိုပါအစည်းအဝေးကို Internatiional Buddhist Confederation ၏ ဖိတ်ကြားချက်အရတက်ရောက်တော်မူခဲ့ခြင်းဖြစ်ကာ အခမ်းအနားတွင် ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ပေးတော်မူခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် အစည်းအဝေး၌ သီတဂူဆရာတော်ကြီးသည် “Recognition of Pali as a Classical Indian Language” အကြောင်းကို မိန့်ခွန်းအဖြစ်မိန့်ကြားတော်မူခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးသို့ အိန္ဒိယနိုင်ငံ သမ္မတနှင့် နိုင်ငံပေါင်း ၃၀ မှ ဖိတ်ကြားထားသောဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ အပါအဝင် လူပေါင်း ၁,၀၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews