(နိုင်ငံတကာ) နိုဝင်ဘာ ၆
ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမှာ မဲလိမ်မှုတွေ ကြီးကြီးမားမားရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်ပလက်ဖောင်းကနေ ရေးသားပြောဆိုထားပါတယ်။
ဒါဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ မဲလိမ်မှုရှိတယ်လို့ ထရမ့်က ပထမဆုံးအကြိမ်စွပ်စွဲမှုကို လုပ်လိုက်တာပါ။
ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ကတော့ ဒါဟာ မမှန်ကန်ဘူးလို့ ပြန်လည်ငြင်းဆန်ထားပါတယ်။
ကန်သမ္မတရွေးကောက်ပွဲတော့ အကြိတ်အနယ်ဖြစ်လာပြီး။ ကာမာလာဟဲရစ်ဟာ ဆက်တိုက်ဆိုသလို မဲအရေအတွက်တွေ တိုးမြင့်လာပြီး အခုဆိုရင်တော့ ၁၉၃-၂၁၆ အထိတိုးမြင့်လာပြီ ဖြစ်ပါတယ်။
Ref:NOM
Telegram»…
https://t.me/positiveanglenews