(နိုင်ငံတကာ) နိုဝင်ဘာ ၅
ကရာချိမြို့ရဲ့ တောင်ပိုင်းမှာ တရုတ်နိုင်ငံသားနှစ်ဦး ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။
ဒါဟာ ဒီနှစ်အတွင်း တရုတ်အလုပ်သမားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၃ ကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။
စက်မှုဇုန်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲလို့လည်း ဆိုပါတယ်။
ရဲအရာရှိတွေကတော့ တရုတ်အလုပ်သမားတွေနဲ့ အပြင်းအထန် အငြင်းပွားမှုဖြစ်ပွားခဲ့တကြောင့် အစောင့်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားကာ တစ်ဦးက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews