(အားကစား) နိုဝင်ဘာ ၅
တရုတ်နိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား နဂါးလှေလှော် ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာလှေလှော်အားကစားအဖွဲ့က နိုဝင်ဘာလ ၄ ရက် ညနေပိုင်း၌ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သက်ဆိုင်အဖွဲ့စည်းများက ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
မြန်မာလှေလှော်အားကစားအဖွဲ့အနေနဲ့ ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲများမှာ ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၃ ခုရရှိခဲ့ပြီးနောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲကို မြန်မာလှေလှော်အားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ဦးဆောင်ကာ အုပ်ချုပ်သူ/နည်းပြ နှင့် အားကစားသမားများ စုစုပေါင်း ၂၃ ဦး သွားရောက်ယှဥ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews