(ပြည်တွင်း) နိုဝင်ဘာ ၄
ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား ၁,၄၀၀ ဝန်းကျင်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကမ်းလှမ်းခေါ်ယူမည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အသိပေးချက်အရ သိရပါတယ်။
ဂျပန်ကုမ္ပဏီ ၄၃၁ ခုက မြန်မာအလုပ်သမား ၁,၄၀၀ ဝန်းကျင်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးအလုပ်သမား ၁,၀၀၀ ကျော်နှင့် အမျိုးသားလုပ်သား ၃၀၀ ကျော် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင်နေရာပေါင်း တစ်ထောင်ကျော်ကို ခေါ်ယူထားခြင်း ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာပါ အချက်အလက်များကို စိစစ်ပြီး ထုတ်ပြန်ပေးနေကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန် ထားပါတယ်။
ထို့ပြင် အလုပ်ခေါ်တဲ့ ကုမ္ပဏီနှင့်စက်ရုံများ ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိနှင့် စာရွက်စာတမ်း အထောက်အထားများကို စိစစ်နေကြောင်းလည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews