အဝတ်အစားများချွတ်ကာ လမ်းလျှောက်နေ့သည့် အီရန်အမျိုးသမီးဖမ်းဆီးထိန်းသိမ်းခံရ


(နိုင်ငံတကာ) နိုဝင်ဘာ ၄

အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ရှိ တက္ကသိုလ်တစ်ခုတွင် အဝတ်အစားများချွတ်ကာ လမ်းလျှောက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို အီရန်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

တင်းကြပ်သည့် အီရန်၏ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းများအား ဆန့်ကျင်သည့်အနေဖြင့် ယခုလို့ ပြုမှုခဲ့သည့်အမျိုးသမီးကို အီရန် အကျင့်စာရိတ္တထိန်းသိမ်းရေးရဲများက ဖမ်းဆီးသွားကြောင်းသိရသည်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး မျှဝေထားတဲ့ ဗီဒီယိုတစ်ခုတွင် အဆိုပါအမျိုးသမီးသည် အတွင်းခံဘောင်းဘီကို ၀တ်ထားပြီး ဆံပင်ဖြန့်ချကာ တက္ကသိုလ်အပြင်ဘက်တွင် ထိုင်နေခဲ့သည်။

အဆိုပါအမျိုးသမီးသည် စိတ်ကျန်းမာရေးပြဿနာများ ခံစားနေရကြောင်း တက္ကသိုလ်၏ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာက ပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး တင်းကြပ်သည့် စည်းမျဉ်းများချမှတ်ကာ အသေးစား ချိုးဖောက်မှုများအား ပြင်းထန်သည့် အပြစ်ပေးအရေးယူမှုများရှိသည့် နိုင်ငံလည်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN