(ပြည်တွင်း) နို၀င်ဘာ ၄
ဒလမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို နိုဝင်ဘာ (၂)ရက်နေ့ နံနက် ၁၀:၀၀ နာရီက ဒလမြို့နယ်ပြည်သူ့ဆေးရုံသစ်ကြီး၌ ကျင်းပခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကို ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးဦး စည်သူကျော်၏စီမံမှုဖြင့် မြို့နယ်ဆေးရုံအုပ်ကြီးဒေါက်တာထွန်းဝင်းနှင့်ကျန်းမာရေးဌာနတာဝန်ရှိသူများပူးပေါင်းဆောင်ရွက် ကြလျှက်၊ ရန်ကုန်အမျိုးသားသွေးဌာမှ ဒေါက်တာ အောင်ချမ်းဖြိုး၊ ဦးဆောင်၍ ကျန်းမာရေးဆေးဝန်ထမ်းများက သွေးအလှူရှင်များ အားကျန်းမာရေးစစ်ဆေးကာ သွေးအလှူလက်ခံဆောင်ရွက်ခဲ့သည်။
အဆိုပါစုပေါင်း သွေးလှူဒါန်းပွဲသို့မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူကျော်၊မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးရွှေလှိုင်၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူးဗိုလ်မှူးအောင်ဇော်မိုး၊မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာထွန်းဝင်းနှင့်တာဝန်ရှိသူများလာရောက်ကြည့်ရှူအားပေးကူညီခဲ့ကြပြီး၊ “သွေး”အလှူရှင်များကို အားဖြည့်အာဟာရဒါနများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
သန်းဇော်ဦး ဒလ
Telegram»…
https://t.me/positiveanglenews