(မှုခင်း) နို၀င်ဘာ ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ဒေါ့ဖျာကျေးရွာအုပ်စုရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့များမှ ယမန်နေ့ည ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဦးအောင်ထွန်း(ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဌ)၊ အသက် ၄၆ နှစ်၊ (ဘ)ဦးပန်းငွေ၊ ဒေါဖျာကျေးရွာနေသူသည် ဒေါဖျာချောင်း ကူးတို့ဆိပ်ကမ်းရှိ ၎င်း၏ ကုန်စုံဆိုင်မှ နံပါတ်မပါ HONDA DREAM 125 အစိမ်းရောင် ဆိုင်ကယ်ဖြင့် (၁)ဦးတည်း နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့ ခြံအဝင်ပေါက်အတွင်း ရောက်ရှိပြီး ဆိုင်ကယ်ရပ်လိုက်စဉ် ခြေတိုင်ရှည်နေအိမ်အောက် အမှောင်ဘက်မှ အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် PDF သေနတ်သမား ၁ ဦးမှ သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်သွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက် ယာဘက်အောက် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျုံဒိုးမြို၊ ကျုံဒိုးတိုက်နယ်ဆေးရုံသို့ ရောက်ရှိ ဆေးကုသမှုခံယူခဲ့ပြီး ည ၈ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ကျုံဒိုးတိုက်နယ်ဆေးရုံမှ ဘားအံဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ဆက်လက်ပို့ဆောင်ထားကြောင်း သိရသည်။
“ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews