(မှုခင်း) နို၀င်ဘာ ၄
ဒလမြို့တည်းခိုခန်းတစ်ခုတွင် သမီးရည်းစားချိန်းတွေ့နေစဥ် အချိန်လင့်နေပြီဖြစ်၍ နေအိမ်ပြန်ရန်ပြောကြားခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးစကားများရန်ဖြစ်ပြီး ၊လူသတ်မှုတစ်ခု နိုဝင်ဘာ(၁)ရက်နေ့ ညနေ ၀၆:၃၀ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာ၊သီတဂူလမ်းနေ၊ဟိန်းလင်းအောင်နှင့် တစ်လမ်းထဲနေ မအေးသန္တာ တို့သည် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ ရွှေစံအိမ်တည်းခိုခန်း၌ နိုဝင်ဘာ(၁) ရက်ကသမီးရည်းစားချိန်းတွေ့စဥ် ညနေ (၆)နာရီခွဲအချိန်ခန့်တွင် ဟိန်းလင်းအောင်က မအေးသန္တာ အားအချိန် လင့်နေပြီဖြစ်သည့်အတွက် အိမ်ပြန်ရန်ပြောဆိုကြခြင်းဖြင့် စကားများရန်ဖြစ်ခဲ့ကြရာမှ ဟိန်းလင်းအောင်မှတည်းခိုခန် အတွင်းရှိ အဝတ်လှန်းရန်အသုံးပြုသွယ်တန်းထားသည့် အရှည်နှစ်ပေခွဲခန့်ရှိ စိမ်းပြာရောင်မျှော့ကြိုးဖြင့်လည် ပင်းအားရစ်ပတ်ညှစ်ရာမှသေဆုံးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာသို့ပြည်သူသတင်းပေးခြင်းဖြင့် ဒလမြို့မရဲစခန်းမှ၊ စခန်းမှူးဒုရဲမှူးအောင်မြတ်ဦးနှင့်နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာ၌ ပင်ပြစ်မှုကျူး လွန်သူ ဟိန်းလင်းအောင်(ဘ)ဦးအောင်သန်းဇော်အသက်(၂၅)နှစ်အားဖမ်းဆီရမိခဲ့ပြီး၊ ဒလမြို့မရဲစခန်းမှပြစ်မှု အမှတ်(ပ)၉၈/၂၀၂၄ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ထားရှိ လျှက်ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သန်းဇော်ဦး ဒလ
Telegram»…
https://t.me/positiveanglenews