ရှားစောင်လက်ပတ်ရဲ့ ဆေးဘက်ဝင်မှုများ

(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၄

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ရှားစောင်လက်ပတ်ရဲ့ဆေးဘက်ဝင်မှုများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

     ရှားစောင်လက်ပတ်သည်အစွမ်းထက်ပြီးကျန်းမာ ရေးအတွက်များစွာအသုံးဝင်သော အပင်တစ်မျိုးဖြစ်ပါသည်။ ရှားစောင်းလက်ပတ်တွင် အစွမ်းထက်သောဓါတ်တိုးဆန့်ကျင့်ဂုဏ်သတ္တိရှိသည်အရာများစွာပါဝင်ပါသည်။ရှားစောင်းလက်ပက်သည်အပူပိုင်းဒေသတွင်ဖြစ်ထွန်းပြီး ထင်ရှားဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါသည်။

ရှားစောင်းလက်ပပ်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ polyphenol အုပ်စုဝင်တွေဖြစ်ပြီး ကိုယ်ခန္ဓါက အရေပြားဆဲလ်တွေကို ထိခိုက်စေတဲ့ free radicals တွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါတယ်။

     ရှားစောင်းလက်ပတ်ဟာ အသားအရေကို နုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေး ကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols နဲ့ အခြားပါဝင်ပစ္စည်းတွေဟာ ကူးစက် ရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးဝင်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။

      ရှားစောင်းလက်ပပ်ဟာ အသားအရေကို နုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေး ကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols နဲ့ အခြားပါဝင်ပစ္စည်းတွေဟာ ကူးစက် ရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးဝင်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။

      ရှားစောင်းလက်ပတ်ပင်သည် ဗီတာမင်ဓာတ်ပြည့်ဝပြီးအစိုဓာတ်ကိုထိန်းသိမ်းပေးပြီး အသား အရေကိုလည်းစိုပြေလှပစေပါသည်။ ထို့ကြောင့်ဝက်ခြံပျောက်ဆေးများနှင့်ဘောက်ပျောက်ဆေးများတွင် ရှားစောင်းလက်ပတ်ကိုအသုံးပြုကြပါသည်။ ထို့ပြင်ဆံကေသာကိုပျော့ပျောင်းစေပြီး ဆံသားများကိုလည်း ရှင်သန်စေရန်အ‌ထောက်အကူပြုပါသည်။ 

       ရှားစောင်းလက်ပတ်ပင်သည် ကယ်ဆီယမ်ပါဝင်သောကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်းခြင်းနှင့်နှလုံးကြီးခြင်းတို့ကိုလျော့နည်းစေပါသည်။  နှလုံးခုန်နှုန်းကိုလည်းတည် ငြိမ်စေပါသည်။ ရှားစောင်း လက် ပတ်ပင်သည် လူ့ခန္ဓာကိုယ်တွင် ပဋိဇီဝဆေးအနေဖြင့်လည်းကောင်း၊ အရေပြားရောင်ရမ်းလျှင်လည်းကောင်း၊ နာတာ ရှည်ရောဂါများအတွက်လည်းကောင်း အသုံးပြုနိုင်ပါ သည်။

      နှလုံး၊ အဆုတ်၊ အသည်းနှင့် သက်ဆိုင်သော ရောဂါတော်တော်များများကို ပျောက်ကင်းစေပါ သည်။ အရက်နာကျသူများလည်း ရှားစောင်းလက် ပတ်အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်းကျန်းမာ ရေးကိုပြန်လည်ကောင်းမွန်စေနိုင်သည်ဟုသိရပါ သည်။

      ရှားစောင်းလက်ပတ်ပင်သည်ကိုယ်တွင်း ကျန်းမာ ရေးအတွက် အကျိုးထူးသော သဘာဝဆေးဝါးတစ်မျိုး ဖြစ်ပါသည်။ ရှားစောင်းလက် ပတ်သည် အရေ ပြားကျန်းမာရေးအတွက်များစွာအထောက်အကူပြုပေးနိုင်သော အကောင်းဆုံးသဘာဝဆေးတစ်မျိုးဖြစ်ပါသည်။ 

      ရှားစောင်းလက်ပတ်အပင်လေးများသည်အပူချိန်ကိုတခြား အပင်များထက် ပိုစုတ်ယူနိုင်ပါသည်။ ရှား စောင်းလက်ပတ်သည် အမိုက်နိုအက်စစ်၊ အဆီ ဓာတ်၊ သက်စောင့်ဓာတ်နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကိုကောင်းမွန်စေပါသည်။

      ထိုအပြင်အဆိပ်အတောက်များကို ပြေစေပြီးအရေပြားဆိုင်ရာကုထုံးများအတွက်အသုံးတည့်သောကြောင့် အလှကုန်ပစ္စည်းများတွင်အသုံးပြုနိုင်သည် အသုံးဝင်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ရှားစောင်လက်ပတ်သည်ဝက်ခြံ၊ တင်းတိတ်ကိုပျောက် ကင်းစေပြီးဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေ၍ကျန်းမာလှပစေပါသည်။

      ရှားစောင်လက်ပတ်သည်အရေပြားကျန်းမာ ရေးအတွက် အကောင်းဆုံးသဘာဝဆေးတစ်မျိုးဖြစ်ပါသည်။  ရှားစောင်လက်ပတ်သည် အရေ ပြားတွင်ရှိ သောဆဲလ်များကို အောက်စီဂျင်ဓာတ် ပေးစွမ်းနိုင်ပါသည်။ ရှားစောင်လက်ပတ်သည်မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့်ပျက်ဆီးသောအရေပြား၊ ထိခိုက်ရှနာမှကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသောအနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူနှင့် အခြားအရေပြားရောဂါတွေကို ရှားစောင်းလက်ပတ်အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။ ရှားစောင်း လက်ပတ်ကို အရေပြားပေါ်မှာလိမ်းပေးမယ်ဆိုရင် ထိခိုက်ရှနာတွေကို အနာမြန်မြန်ကျက်စေပါတယ်။ သောက်မယ်ဆိုရင်တော့ ဖျားနာမှုတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို အဆိပ် အတောက် ကင်းစင်စေပါတယ်။

ပါးစပ်အနာတွေဟာ လူတွေမှာ အတွေ့များတဲ့ အနာတစ်မျိုးဖြစ်ပါတယ်။ ဒီအနာတွေဟာ ပါးစပ်အတွင်းပိုင်းကနေ နှုတ်ခမ်းအောက်ခြေအထိရှိပြီး နာကျင်မှုဟာ ၇ ရက်ကနေ ၁၀ရက်အထိ ကြာတတ်ပါတယ်။

      ရှားစောင်းလက်ပတ် အသုံးပြုခြင်းဟာ ပါးစပ်အနာတွေရဲ့ အနာကျက်တဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သက်သေပြမှုတွေ ရှိပါတယ်။ ပါးစပ်အနာတွေရဲ့ အရွယ်အစားကို သေးငယ်စေရုံသာမက နာကျင်မှုကိုပါ လျော့ ကျစေနိုင်ပါတယ်။

      ရှားစောင်းလက်ပတ်အပင်များသည်အပူချိန်ကိုတခြားအပင်များထက် ပို၍စုတ်ယူနိုင်ရာ ထိုကြောင့်‌ နွေရာသီကဲ့သို့ပူပြင်းသောရာသီဥတုမျိုးတွင် ရှား စောင်းလက်ပတ်အပင်များကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်အတွင်းရှိအပူချိန်ကို သက် သာစေနိုင် ပါသည်။

      ရှားစောင်လက်ပတ်သည် လူခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးနိုင်သော ဆေး ဖက်ဝင်အိမ်တွင်းသုံးအပင်မျိုးဖြစ်ပြီး အလွယ် တကူစိုက်ပျိုးနိုင်သောအိမ်တွင်းသုံးဆေးဖက် ဝင်အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ထိုကြောင့်ကောင်းကျိုးများစွာရှိသောရှားစောင်လက်ပတ် ကိုစိုက်ပျိုးသုံးစွဲသင့်ပါသည်။    

#PAN