(နိုင်ငံတကာ) နိုဝင်ဘာ ၂
အနောက်နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားကို အရေးယူဖို့အတွက် ယူကရိန်းသမ္မတ ဇီလင်စကီက တိုက်တွန်းလိုက်ပါကြောင်း သိရပါတယ်။
ယူကရိန်းနဲ့ မြောက်ကိုရီးယားတပ်တွေ ထိပ်တိုက်မတွေ့ခင်မှာ ဇီလင်စကီက ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယားရဲ့ စစ်သားတွေဟာ ယူကရိန်းနယ်စပ်နားမှာ ရှိနေပြီး၊ ယူကရိန်းနိုင်ငံသားတွေက သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့အတွက် ဖိအားပေး ခံရပါလိမ့်မယ်၊ ဒါကို တကမ္ဘာလုံးက ထပ်ပြီးတော့ စောင့်ကြည့ကြပါလိမ့်ဥိးမယ်” လို့ တယ်လီဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ သူကပြောဆိုခဲ့ပါတယ်။
“ကမ္ဘာကြီးဟာ စစ်ပွဲတွေ ဖြစ်ပွားနေတာကို တားဆီးနိုင်စွမ်းရှိပါတယ်၊ ဒီအတွက် ကောက်နှုတ်ချက်တွေ၊ စကားလုံးတွေနဲ့တင် မလုံလောက်ပါဘူး၊ ခိုင်မာတဲ့ ခြေလှမ်းတွေ လိုအပ်ပါတယ်” လို့လည်း ယူကရိန်းသမ္မတ ဇီလင်စကီက ထပ်ပြောခဲ့ပါသေးတယ်။
Telegram»…
https://t.me/positiveanglenews