လင်မယားချင်း စကားများရန်ဖြစ်ရာမှ လည်ပင်းပြက်ရှဒဏ်ရာ ရရှိ


(မှု့ခင်း)နိုဝင်ဘာ ၁

အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊(က/၃)လမ်း၊ အပိုင်း (၆)၊ အမှတ် (၁၇၃) တွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ လည်ပင်းပြက်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က မြို့သစ်(က+ခ)ရပ်ကွက်နေ အသက် ၄၇ နှစ်၊ ဘ/ဦးတင်ဝင်း၏ သားဖြစ်သူ ကျော်သူဝင်းသည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုး အသက် ၄၅ နှစ်( ဘ)ဦးအောင်သန်းနှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ လည်ပင်း ပြတ်ရှ ဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံကြီးတွင် ဆေးကုသမှု့ခံယူနေကြောင်း သိရသည်။

အဆိုပါ တရားခံ ကျော်သူဝင်းအား လက်ရဖမ်းစီးနိုင်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN