ပြင်ဦးလွင်မြို့ ရပ်ကွက်နေ၊ အိမ်နီးနားချင်းများ၊ စုပေါင်းစည်းလုံးမှုကြောင့် သူခိုးတစ်ဦးဖမ်းမိ


(မှု့ခင်း) နိုဝင်ဘာ ၁

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၀) ၊အမှတ် ခ/၆၇ ပဒေသာမြို့သစ်တွင် ရပ်ကွက်နေ၊ အိမ်နီးနားချင်းများ၊ စည်းလုံးမှုကြောင့် သူခို းတစ်ဦးဖမ်းမိကြောင်း သိရသည်။။

ဖြစ်စဥ်မှာ ယမန်နေ့ညနေ ၆ နာရီကျော်အချိန်ခန့်က ၎င်းရပ်ကွက်ရှိ နေအိမ်မှ အိမ်ရှင်တစ်ဦးသည် အပြင်သွားရန် ခြံတံခါးဖွင့်ပြီး၊ ဆိုင်ကယ်ရပ်လိုက်စဥ် ဆိုင်ကယ်မီးရောင်ကြောင့် ခြံအတွင်းမှ လူနှစ်ဦးသည် ခြံရှေ့တွင် ၄င်းတို့ယူဆောင်ရန် ပစ္စည်းအထုပ်တစ်ထုပ်နှင့် ဆိုင်ကယ်အားယူဆောင်ရန် အဆင်သင့်စောင့်နေသူ တစ်ဦးအားတွေ့ရှိရာမှ “သူခိုး၊သူခိုး”ဟု အော်လိုက်ရာ ပစ္စည်းထုပ်အားချ၍ ဆိုင်ကယ်မောင်းနှင်း ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခြံအတွင်းရှိသူခိုးမှာ အိမ်၏ အနောက် ခြံကိုကျော်၍ ပြေးရာ အိမ်၏ နောက်ခြံများတွင် နေထိုင်ကြသော အိမ်နီးနားချင်းများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် သူခိုးတစ်ဦးအား ဖမ်းမိခဲ့ပြီး ကျန်သူများအား ထွက်ပြေးလွတ်မြှောက်သွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN