(မှု့ခင်း) နိုဝင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ဟဲဟိုးသွားလမ်းမှာ ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ရပ်ထားသည့်တွဲကားကို HiJet ကားမှ ဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်ပန်း-ဟဲဟိုးသွားလမ်း၊ ပြည်ထောင်စုလမ်းမကြီး၊ အင်းခေါင်းစျေးအနီး လမ်းမှာ အောင်ပန်းမြို့၊ အမှတ်( ၃)ရပ်ကွက်နေ ဦးအောင် မောင်းနှင်လာသည့် HiJet ကားမှ ပျက်လို့ ရပ်ထားသော ကျောက်မီးသွေးတင်ထားသည့် တွဲကားနောက်ပိုင်းအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ယာဥ်တိုက်မှုခဲ့ကြောင့် ယာဥ်ပေါ်ပါ ဒေါ်ငြိမ်း(အောင်ပန်းမြို့၊ အမှတ် ၃ ရပ်ကွက်နေထိုင်သူ)မှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အနီးဝင်းကျင်ရှိ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
ထိခိုက်ဒဏ်ရာရရှိ လူနာများကို သီခေါင်လူမူကူညီရေးအသင်းမှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို ဟဲဟိုးဆေးရုံ ရင်ခွဲရုံမှ အောင်ပန်းနေအိမ်သို့ နာရေးကူညီမှုအသင်း(အောင်ပန်း)က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews