(အားကစား) အောက်တိုဘာ ၃၀
ဘာစီလိုနာအသင်းသည် ယခုရာသီတွင်ခြေစွမ်းပြနေတဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာ ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်လာကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းက ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရာဖင်ညာ ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလအတွင်းက ရောင်းထုတ်ရန် စီစဉ်ခဲ့ပေမယ့် ယခုအခါ သက်တမ်းတိုးရန် ဆန္ဒရှိလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆော်ဒီကလပ်အသင်းများက ရာဖင်ညာ ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး ထပ်မံကမ်းလှမ်းရန်လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
ရာဖင်ညာ ဟာ ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါ ၆ ဂိုးနှင့် ချန်ပီယံလိဂ်တွင် ၄ ဂိုးသွင်းယူပေးထားပြီး ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့သူဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews