စပိန်ရေကြီးမှုတွင် သေဆုံးသူအရေအတွက်တိုးလာ


(နိုင်ငံတကာ) အောက်တိုဘာ ၃၁

စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာပြည်နယ်နှင့် မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် အနည်းဆုံး လူ ၉၅ ဦးထက်မနည်း သေဆုံးကြောင်းသိရသည်။

ထို့အပြင် အဆိုပါရေကြီးမှုသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးသော ရေကြီးရေလျှံမှုအဖြစ် စံချိန်တင်ခဲ့ပြီး လူပေါင်းရာနှင့်ချီပျောက်ဆုံးနေကြောင်းသိရသည်။

အင်္ဂါနေ့နံနက်ပိုင်းတွင် ရွာသွန်းခဲ့သည့် အဆိုပါ မိုးရွာသွန်းမှုတွင် အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ပြီး ရေစီးနှင့်မျောမပါသွားရန် လူအများစုသည် မြင့်မားသည့် သစ်ပင်များပေါ်တွင် တွယ်ကပ်ကာ ရှင်သန်ခဲ့ရကြောင်းသိရသည်။

စပိန်အစိုးရက ပျောက်ဆုံးနေသူများပြားနေသည့်အတွက် သေဆုံးသူအရေအတွက် ထပ်မံတိုးမြင့်လာမည်ကို စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိရေကြီးမှုသည် အဆိုပါဒေသတွင် လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့ရသည့် ၁၉၇၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုမှာ သေဆုံးမှုဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN