လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး ကိုးဦးဒဏ်ရာရရှိ


(မှုခင်း) အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင် ယနေ့နံနက် ၃ နာရီ ၅၃ မိနစ်အချိန်ခန့်က JAC HFC အမျိုးအစားယာဉ်အား TOYOTA TOYOACE ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)မီးသတ်စခန်းမှ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် TOYOTA TOYOACE ယာဉ်ပေါ်ပါ ကျား ၁ ဦး (သေဆုံး)၊ ကျား ၇ ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ မ ၂ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး ၎င်းတို့အား ရွှေ့ဝင့်ဝါလူမှုကူညီရေးအသင်း၊ ခွန်အားသစ်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်တို့ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN