“ရုရှား ပင်လယ်နက် လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည့်ဗြိတိန်လေတပ်ပိုင်တိုက်လေယာဥ်များကို ထွက်ခွာသွားရန် ရုရှား အမျိုးသားလေကြောင်း ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာက သတိပေးထုတ်ပြန်မှုများပြုလုပ်ခဲ့”

ဇွန် ၂၇

ဗြိတိန်နိုင်ငံ၏ လေတပ်က ၎င်းတို့၏ စစ်လေယာဉ်များသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ လေပိုင်နက်အတွင်းသို့ မဝင်ရောက် ခဲ့ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

” ဗြိတိန် တော်ဝင်လေတပ်မှ RC-135W Rivet အမျိုးအစား တွဲဘက်လေယာဉ် တစ်စင်းနှင့် Typhoonအမျိုးအစား တိုက်လေယာဉ် ၂စင်းတို့သည် ပင်လယ်နက်ကို ဖြတ်ကျော်ပြီး နိုင်ငံတကာလေပိုင်နက်အတွင်း သို့ ပြီးခဲ့သည့် ဇွန်လ၂၆ရက်တနင်္လာနေ့က ပုံမှန် စစ်ဆင်ရေးများပြုလုပ်ခဲ့ကြတာပါ။

ရုရှားနိုင်ငံ၏ လေတပ်တိုက် လေယာဉ်များ သည်လည်း အဆိုပါဧရိယာအနီးတွင် ရှိနေခဲ့တာဖြစ်ပါတယ်” လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ပြောကြား ချက်ကို ကိုးကား၍ Daily Mail သတင်းဌာနက ဖော်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံမှ Su-27 တိုက်လေယာဉ်နှစ်စင်း က ဗြိတိန် လေတပ် RC-135 အမျိုးအစား အီလက်ထရွန်နစ် ထောက်လှမ်းရေး လေယာဉ်တစ်စင်းနှင့် ဗြိတိန်လေတပ်မှ တိုက်လေယာဉ်နှစ်စင်းတို့ကို ရုရှား ပင်လယ်နက် လေပိုင်နက်အတွင်းတွေ့ရှိခဲ့ရကြောင်း နှင့် လေပိုင်နက် အတွင်းမှ ထွက်ခွာသွားရန်​ သတိပေးပြောဆိုခဲ့ကြောင်း” ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသား လေကြောင်း ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး စင်တာက သတိပေး ထုတ်ပြန်ကြေညာခဲ့ တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။