အမေရိကဖလားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ဗြိတိန်အသင်း


(အားကစား) အောက်တိုဘာ ၇

ဗြိတိန်ရွက်လှေအသင်းဟာ အမေရိကဖလား ရွက်လွှင့်ပြိုင်ပွဲရဲ့ ဖိုင်နယ်ကို နှစ်ပေါင်း ၆၀ အကြာမှာ ပထမဆုံး အကြိမ်အဖြစ်တက်ရောက်သွားခဲ့ပါတယ်။

ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ် ရဲ့ အင်နီယိုစ်အသင်း ကူညီပေးထားတဲ့ ဗြိတိန်ရွက်လှေအသင်းဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပြုလုပ်ခဲ့တဲ့ပွဲစဉ်မှာ အီတလီ အသင်းကို အနိုင်ရခဲ့ပြီးနောက် အမေရိကဖလားဖိုင်နယ်ကို တက်ရောက်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်အသင်းကို အသင်းခေါင်းဆောင် အိန်စလီ က ဦးဆောင်ခဲ့တာဖြစ်ပြီး အဖွဲသား ၈ ဦးပါဝင်ခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ ဗြိတိန်အသင်းဟာ မနှစ်ကပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားတဲ့ နယူးဇီလန် ရွက်လှေအသင်း နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဗြိတိန်အသင်းဟာ အမေရိကဖလားလို့ အမည်ပြောင်းလဲပြီးနောက်ပိုင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိသလို ၁၉၆၄ နောက်ပိုင်းဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်အသင်းခေါင်းဆောင် အိန်စလီကတော့ အခုနှစ်မှာ ဗြိတိန်အသင်းနဲ့အတူ အမေရိကဖလားကို ရယူပြီး သမိုင်းသစ်ရေးထိုးနိုင်ဖို့ မျှော်လင့် နေပါတယ်။ အမေရိက ဖလားဖိုင်နယ်ကိုတော့ အောက်တိုဘာလ ၁၂ ရက်ကနေ ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN